
ဓာတ်ပုံ – ရိုက်တာ
ဟောင်ကောင်လမ်းတွေပေါ်က ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေက သူတို့လှုပ်ရှားမှုတွေကို ဆက်လုပ်မယ်လို့ ဒီဇင်ဘာလ ၁ ရက်နေ့က ကတိပြုလိုက်ကြပါတယ်။
လက်ရှိဟောင်ကောင် အုပ်ချုပ်ရေးမှူး လျန်ကျိန်ယိင်းက သည်းခံတာတွေ ကုန်သွားနိုင်တယ်။ သပိတ်စခန်းတွေဆီကို ပြန်သွားဖို့ စဉ်းစားနေတဲ့ ကျောင်းသားတွေ မပြန်ကြဖို့ နှိုးဆော်တယ်လို့ ပြောရင်း ဆန္ဒပြသူတွေကို ပြတ်ပြတ်သားသား အရေးယူတော့မယ်လို့ ပြောအပြီးမှာ ခုလို တုံ့ပြန်လိုက်တာပါ။
ရဲတွေက လူစုခွဲဖို့ ငရုတ်ကောင်းရေတွေ နံပါတ်တုတ်တွေကို သုံးခဲ့လို့ ညလုံးပေါက် အဓိကရုံး ဖြစ်ခဲ့အပြီး ဒီဇင်ဘာလ ၁ ရက်နေ့ မနက် အစောပိုင်းမှာ ထောင်နဲ့ချီတဲ့ ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူတွေဟာ အစိုးရဗဟိုဌာနချုပ်တွေကို ယာယီပိတ်ရအောင် ဖိအားပေးနိုင်ခဲ့ပါ တယ်။
“လက်နက်တွေ အများကြီးသုံးပြီး ကြောက်အောင် နာအောင် လုပ်ခဲ့ပြီး အရာရှိတွေရဲ့ ရပ်တည်ချက်က ဆန္ဒပြပွဲတွေအပေါ် တင်းမာလာတဲ့လက္ခဏာတွေရှိလို့ မသေချာမှုတွေကို ခံစားရတယ်”လို့ ဆန္ဒပြ သူတွေက ပြောပါတယ်။
ဟောင်ကောင်ရဲ့ လုံခြုံရေးအတွင်းရေးမှူးကလည်း အုပ်ချုပ်ရေးမှူးနဲ့ လေသံတူနေတာပါ။ လိုင်တုံ့ကွာက ရဲတွေက ပြတ်ပြတ်သားသား အရေးယူတော့မယ်လို့ ထပ်ခါထပ်ခါ သတိပေးပြီးရင် ရွေးစရာမရှိတော့ဘူး ဥပဒေအာဏာတည်ရေးက သူတို့တာဝန်ပဲလို့ ပြောပါတယ်။
ဟောင်ကောင်ဆန္ဒပြပွဲတွေဟာ အရှိန်အမြင့်ဆုံးရောက်ချိန်က လူတသိန်းကျော် ပါဝင်ခဲ့တာပါ။ ဒါပေမယ့် လမ်းပိတ်မှုတွေကြောင့် ဆန္ဒပြပွဲကို လူထုထောက်ခံမှု မှေးမှိန်လာနေပါတယ်။ ၂၀၁၇ ရွေးကောက်ပွဲမှာ မြို့အုပ်ချုပ်ရေးမှူးကို ဒီမိုကရေစီလိုလားသူတွေက လွတ်လွတ်လပ်လပ် ရွေးခွင့်ရဖို့ လိုလားပေမယ့် တရုတ်အစိုးရကတော့ ကြိုတင်သတ်မှတ်အဆိုပြုထားတဲ့ သူတွေထဲက ရွေးချယ်ဖို့ ပြောခဲ့လို့ အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာပါ။
The post ဟောင်ကောင်လမ်းများပေါ်တွင် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်မည် appeared first on DVB.