၁၇ ကြိမ်မြောက် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ဒီဇင်ဘာ ၁၀-၂၁ ရက်နေ့ အထိ ကျင်းပမယ့် အာဆီယံ တက္ကသိုလ် အားကစားပြိုင်ပွဲမှာ မြန်မာ့ အားကစားသမား ၈၂ ဦးက အားကစားနည်း ၉ ခုမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ပြေးခုန်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ဘောလုံး၊ ကာရာတေး၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်တို၊ စစ်တုယှဉ် အားကစားတွေမှာ ၀င်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံ တက္ကသိုလ်တွေက ကစားသမားတွေ ၀င်ရောက်ကစားတဲ့ ၂ နှစ်တကြိမ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ မြန်မာအသင်းက တတိယအကြိမ်မြောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်မှာ အာဆီယံတက္ကသိုလ် အားကစားကောင်စီက ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
The post အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲ မြန်မာ အားကစား သမား ၈၂ ဦး ပြိုင်မည် appeared first on DVB.