Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ရုရှားအကူအညီပေးရေး ယာဉ်တန်း ယူကရိန်းအရှေ့ပိုင်းဒေသကို ထပ်မံစေလွှတ်

$
0
0

ရုရှား အရေးပေါ် ကယ်ဆယ်ရေးဝန်ကြီးဌာနက ယူကရိန်းအရှေ့ပိုင်းဒေသဆီကို နောက်ထပ်အကူအညီပေးရေး ယာဉ်တန်းစေလွှတ်လိုက်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ပြောပါတယ်။ ကုန်တင်ကား အစီး ၁၀၀ ကျော်ဟာ ရုရှား-ယူကရိန်း နယ်စပ်ကို ဖြတ်ကျော်သွားပြီး လူဟန့်စ်နဲ့ ဒွန်ညက် ဒေသဘက်ကို ထွက်ခွာသွားပြီလို့ ဆိုပါတယ်။ နိုင်ငံအဆင့် ကယ်ဆယ်ရေးဌာဗဟိုရဲ့ဝန်ကြီး အိုလက် ဗိုရိုနော့ဗ် လူသားချင်းစာနာမှု အကူအညီတွေဟာ  ဒွန်ဗက်နယ်တ၀ိုက်မှာ အကူအညီပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Untitled-1ဆောက်လုပ်ရေးပစ္စည်းတွေ တင်သွားတဲ့ ယာဉ်တချို့ကတော့ နိုဝင်ဘာ ၃၀ ရက်နေ့ နေ့ခင်းပိုင်းကတည်းက ဒွန်ညက်ဒေသထဲကို ရောက်သွားပါပြီ၊၊

ယူကရိန်းအစိုးရ ခွင့်ပြုချက် မရှိဘဲ ရုရှားနိုင်ငံက စေလွှတ်လိုက်တဲ့ ယာဉ် ၁၀၆ စီး နိုင်ငံ အရှေ့ပိုင်းကို  ၀င်ရောက်သွားတယ်လို့ ယူကရိန်းအစိုးရကလည်း  ပြောပါတယ်။

ရုရှားအစိုးရဟာ လူသားချင်းစာနာမှုခေါင်းစဉ်အောက်က လက်နက်ခဲယမ်းတွေကို ခွဲထွက်ရေးသူပုန်တွေအတွက် ထောက်ပံ့ပေးနေတယ်လို့ ယူကရိန်းအစိုးရက စွပ်စွဲနေတာပါ၊

အစိုးရနဲ့ ခွဲထွက်ရေးသူပုန်တို့ စက်တင်ဘာလမှာ အပစ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုး ခဲ့ပေမယ့် သူပုန်တွေ သိမ်းထားတဲ့ ဒွန်ညက်မြို့က လေဆိပ်အနီးမှာတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

လနဲ့ ချီတိုက်ပွဲဖြစ်နေတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသမှာ ရိက္ခာနဲ့ ဆေးဝါးတွေလည်း ပြတ်တောက်နေပါတယ်။

ရုရှားဟာ သြဂုတ်လလယ်ကစလို့ အကူအညီပေးရေး ယာဉ်တန်းတွေကို စေလွှတ်နေတာ ဒီတကြိမ်ပါဆိုရင် ၈ ကြိမ်မြောက်ဖြစ်တယ်လို့ ရုရှားသတင်းဌာန အာအိုင်အေက ဆိုပါတယ်။

ပထမ ၇ ခေါက် ပို့ပေးတဲ့အချိန်မှာ ရိက္ခာ၊ ဆောက်လုပ်ရေးပစ္စည်း၊ ဆေးဝါး စုစုပေါင်း တန်ချိန် ၉၅၀၀ ရှိတယ်လို့ ဆိုပြီး အများစုက ရိက္ခာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

The post ရုရှားအကူအညီပေးရေး ယာဉ်တန်း ယူကရိန်းအရှေ့ပိုင်းဒေသကို ထပ်မံစေလွှတ် appeared first on DVB.


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ