Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

လူ​ထု​ဒေါ်​အ​မာ ၉၈ ​နှစ် ​ပြည့်​မွေး​နေ့ ​အ​မှတ်​တ​ရ ​ကျင်း​ပ

$
0
0

ကွယ်​လွန်​သူ ​စာ​ရေး​ဆ​ရာ​မ​ကြီး ​လူ​ထု​ဒေါ်​အ​မာ​ရဲ့ ​နိုဝင်​ဘာ ၂၉ ​ရက်​နေ့​မှာ ​ကျ​ရောက်​တဲ့ ၉၈ ​နှစ်​မြောက် ​မွေး​နေ့​အ​မှတ်​တ​ရ​ပွဲ​ကို ​မ​န္တ​လး​တိုင်း ​အ​မ​ရ​ပူ​ရ​မြို့​နယ်​က ​တောင်​လေး​လုံး ​ကျောင်း​တိုက်​မှာ  ​မိ​သား​စုဝင်​တွေ​နဲ့ ​စာ​ပေ​အ​သိုင်း​အ၀န်း​က  ​ဒီ​နေ့ ​မ​နက် ​ကျင်း​ပ​ခဲ့​ပါ​တယ်။

မြန်​မာ့​နိုင်​ငံ​ရေး​လော​က​နဲ့ ​စာ​ပေ​လော​က​မှာ  ​လူ​ထု​အ​ပေါ် ​ဩ​ဇာ​ကြီး​ခဲ့​တဲ့ ​စာ​ရေး ​ဆ​ရာ​မ​ကြီး ​လူ​ထု​ဒေါ်​အ​မာ​ရဲ့ ​မွေး​နေ့​အ​ထိမ်း​အ​မှတ်​ပွဲ​တွေ​ကို  ​ဆ​ရာ​မ​ကြီး​ရဲ့ ​အ​သက် ၇၀ ​ပြည့်​မွေး​နေ့ ၁၉၈၅ ​ခု​နှစ်​က​စ​ပြီး ​အ​မ​ရ​ပူ​ရ ​တောင်​လေး​လုံး​ကျောင်း​မှာ ​မွေး​နေ့​ပွဲ ​နှစ်​စ​ဉ် ​ကျင်း​ပ​လေ့ ​ရှိ​တာ ​ဖြစ်​ပါ​တယ်။

luhtufacebook​ပြီး​ခဲ့​တဲ့​နှစ်​အ​နည်း​ငယ်​က​တော့ ​အဲ​ဒီ​ကျောင်း​မှာ ​မွေး​နေ့​ပွဲ ​ကျင်း​ပ​ဖို့ ​အ​ခွင့်​မ​သာ​ခဲ့​ပါ​ဘူး​။  ​လူ​ထု​ဒေါ်​အ​မာ ​ကွယ်​လွန်​သွား​ပြီး ​ဖြစ်​ပေ​မယ့်​  ​ဒီ​နှစ်​တော့​  ​တောင်​လေး​လုံး​ကျောင်း​တိုက်​မှာ ​အ​စ​ဉ်​အ​လာ​မ​ပျက် ​ပြန်​ကျင်း​ပ​ခွင့်​ရ​ခဲ့​တယ်​လို့ ​လူ​ထု​စာ​အုပ်​တိုက်​က ​အယ်​ဒီ​တာ ​တ​ယောက် ​ဖြစ်​သူ ​စာ​ရေး​ဆ​ရာ ​ညီ​စေ​မင်း​က ​ပြော​ပြ​ပါ​တယ်။

“​အ​ရင်​တုန်း​က​တော့ ​တောင်​လေး​လုံး​မှာ ​တောက်​လျှောက်​ကျင်း​ပ​လာ​ပေ​မယ့် ​လွန်​ခဲ့​တဲ့ ​နှစ်​အ​နည်း​ငယ်​အ​တွင်း​မှာ ​အ​ခက်​အ​ခဲ​ရှိ​တာ​နဲ့ ​စစ်​ကိုင်း​က ​မြ​စ​င်္ကြာ ​ကျောင်း​တိုက်​မှာ ​ပြောင်း​ပြီး​တော့ ​ကျင်း​ပ​ခဲ့​ပါ​တယ်။ ​ဒီ​နှစ်​မှ ​စ​ပြီး​တော့ ​တောင်​လေး​လုံး​မှာ ​ပြန်​စ ​ကျင်း​ပ​တာ​ပါ။ ​စစ်​ကိုင်း​မှာ ​ကျ​နော်​တို့ ၃ ​နှစ်​လောက် ​ကျင်း​ပ​လိုက်​ရ​ပါ​တယ်။ ​တ​နှစ်​က ​အ​မ​ရ​ပူ​ရ​မြို့ ​ဂ​န္ဓာ​ရုံ ​ကျောင်း​တိုက်​မှာ ​ဆွမ်း​လောင်း​ပွဲ​နဲ့​အ​တူ ​အဲ​ဒါ​က ​အ​ခမ်း​အ​နား ​မ​ကျင်း​ပ​ခဲ့​ပါ​ဘူး​။ ​ဆွမ်း​လောင်း​ပွဲ ​သက်​သက်​ပဲ ​ကျင်း​ပ​ခဲ့​ပါ​တယ်။ ​အ​ရင် ​အ​ချိန်​နဲ့ ​အ​ခြေ​အ​နေ​ချင်း​မ​တူ​တော့​ဘူး​။ ​အ​ရင်​တုန်း​က​ဆို ​အ​ခက်​အ​ခဲ​ကြား​က ​တား​မြစ်​တာ​တွေ ​စောင့်​ကြည့်​တာ​တွေ ​မှတ်​တမ်း​ယူ​တာ​တွေ ​သ​တင်း​ယူ ​တာ​တွေ ​ရှိ​ပါ​တယ်။ ​အ​ခု ​မ​ရှိ​ပါ​ဘူး​။”

ဒီ​နေ့ ​ကျင်း​ပ​တဲ့​ပွဲ​မှာ   ​စာ​ပေ​လော​က ​အ​သိုင်း​အ၀ိုင်း​က  ​စာ​ရေး​ဆ​ရာ​တွေ ​စုံ​စုံ​လင်​လင် ​တက်​ရောက်​ခဲ့​ကြ​ပြီး ​လူ​ထု​ဒေါ်​အ​မာ ​အ​မှတ်​တ​ရ ​အ​မှာ​စ​ကား​တွေ ​ပြော​ကြား​ကာ ​ဂုဏ်​ပြု ​က​ဗျာ​တွေ​ကို​လည်း ​ရွတ်​ဆို​ခဲ့​ကြ​ပါ​တယ်။

လူ​ထု​ဒေါ်​အ​မာ ​အ​မှတ်​တ​ရ​စ​ကား ​ပြော​ကြား​ပေး​ခဲ့​တဲ့ ​စာ​ရေး​ဆ​ရာ ​ကျော်​ရင်​မြင့်​က  ​အ​ခု​နှစ်​မှာ ​တက်​ရောက်​သူ​တွေ ​ပို​စုံ​လင်​ပြီး​  ​အ​ရင်​ထက်​စာ​ရင်  ​ပြော​ရဲ​ဆို​ရဲ ​ပို​ရှိ​လာ​တဲ့ ​အ​ကြောင်း​နဲ့​  ​လူ​ထု​ဒေါ်​အ​မာ​ရဲ့ ​စာ​ပေ​တွေ​ဟာ ​စာ​ပေ​သ​မား​တွေ​ရော  ​ပြည်​သူ​လူ​ထု​အ​တွက်​ပါ ​စေ​တ​နာ​ထား ​ရေး​သား​ခဲ့​တဲ့​စာ​တွေ ​ဖြစ်​တာ​ကြောင့် ​ခု​ချိန်​ထိ ​ကျေး​ဇူး​ကြီး​နေ​ဆဲ​ပါ​လို့ ​အ​မှတ်​တ​ရ​စ​ကား ​ပြော​သွား​ပါ​တယ်။

“​ကျ​နော်​ပြော​ခဲ့​တာ​က​တော့ ​စာ​ရေး​တဲ့​သူ​တွေ​အ​ပေါ်​မှာ ​အ​မေ​လူ​ထု​ဒေါ်​အ​မာ​ရဲ့ ​ကျေး​ဇူး ​အင်​မ​တန်​ကြီး​တဲ့​အ​ကြောင်း​နဲ့ ​အ​မေ​မာ​ရဲ့ ​စိတ်​ဓာတ်​ကို ​ပြော​ခဲ့​ပါ​တယ်။ ​အ​မေ​လူ​ထု​ဒေါ်​အ​မာ​ရဲ့ ​ကျေး​ဇူး​က ​လူ​တိုင်း​အ​ပေါ်​မှာ ​တော်​တော်​များ​များ​ရှိ​တယ်။ ​ကျ​နော်​တို့ ​စာ​ရေး​သား​တာ၊ ​ကျင့်​၀တ် ​သိ​က္ခာ​စောင့်​ထိန်း​ခဲ့​တာ​က ​အ​စ ​သူ​ကျ​နော်​တို့​ကို ​သွန်​သင်​ဆုံး​မ​ပေး​ခဲ့​တာ​လေ။ ​ကျ​နော့်​ချည်း​ပဲ ​မ​ဟုတ်​ဘူး​၊ ​လူ​တိုင်း​အ​ပေါ်​မှာ ​သူ​က ​အဲ​ဒီ​လို ​စေ​တ​နာ ​မေ​တ္တာ​ထား​တယ်။ ​ပြည်​သူ​လူ​ထု​အ​ပေါ်​မှာ  ​သူ​ရေး​တဲ့ ​စာ​တွေ​က​လည်း ​စေ​တ​နာ​ပါ​တဲ့​အ​တွက်​ကြောင့်​မို့​လို့ ​သူ​မ​ရှိ​တော့​ပေ​မယ့်​လည်း ​သူ့​ကို ​အ​မှတ်​ရ ​သ​တိ​ရ​ပြီး ​လေး​စား​တဲ့​အ​နေ​နဲ့ ​ဂုဏ်​ပြု​တဲ့​အ​နေ​နဲ့ ​ဒီ​လို ​မွေး​နေ့​ပွဲ ​လုပ်​တာ​ပါ ​ခင်​ဗျ။”

လူ​ထု​ဒေါ်​အ​မာ ၉၈ ​နှစ်​မြောက်​မွေး​နေ့​ပွဲ​မှာ  ​မြန်​မာ့​နိုင်​ငံ​ရေး ​ဆောင်း​ပါး​တွေ ​လေ့​လာ ​ရေး​သား​နေ​တဲ့ ​ပြည်​ပ​သ​တင်း​စာ​ဆ​ရာ ​ဘာ​တေး​လ်​လင့်​တ​နာ​လဲ ​တက်​ရောက် ​အ​မှတ်​တ​ရ​စ​ကား ​ပြော​ကြား​ခဲ့​ပြီး ​လူ​ထု​ဒေါ်​အ​မာ​ရဲ့ ​သား​ဖြစ်​သူ ​ရဲ​ဘော်​သံ​ချောင်း ​ပြည်​ပ​က​နေ ​ပေး​ပို့​တဲ့​က​ဗျာ၊ ​တော်​ဘု​ရား​လေး ​ဦး​အောင်​ဇေ​ရဲ့​  ​က​ဗျာ​တွေ​လည်း ​ပါဝင်​ရွတ်​ဆို​ခဲ့​ကြ​ပါ​တယ်။

၁၉၁၅ ​ခု​နှစ်​မှာ ​မွေး​ဖွား​ခဲ့​တဲ့ ​စာ​ရေး​ဆ​ရာ​မ​ကြီး ​လူ​ထု​ဒေါ်​အ​မာ​ဟာ  ​မြန်​မာ​ပြည် ​လွတ်​လပ်​ရေး ​လှုပ်​ရှား​မှု၊ ​မြန်​မာ​ပြည် ​ငြိမ်း​ချမ်း​ရေး ​လှုပ်​ရှား​မှု​တွေ​မှာ ​ပါဝင်​ခဲ့​ပြီး​   ​မြန်​မာ့ ​စာ​ပေ ​စာ​နယ်​ဇင်း ​လော​က​ရဲ့ ​မီး​ရှုး​တန်​ဆောင် ​အ​ဖြစ် ​တင်​စား​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။

လူ​ထု ​ဒေါ်​အ​မာ​ဟာ  ​ကွယ်​လွန်​ချိန် ၂၀၀၈ ​ခု​နှစ်​အ​ထိ ​အ​ဖိ​နှိပ်​ခံ​ပြည်​သူ​တွေ​ဘက်​က ​အ​မြဲ ​ရပ်​တည်​ရေး​သား​ခဲ့​တဲ့ ​စာ​ပေ​တွေ​ကြောင့် ​လူ​ထု​အ​ပေါ် ​စာ​ပေ​ဩ​ဇာ​ကြီး​မား​ပြီး ​လူ​ထု​ရဲ့​မေ​တ္တာ​ကို ​ခံ​ယူ​ရ​ရှိ​သူ ​စာ​ရေး​ဆ​ရာ​မ​ကြီး​လည်း ​ဖြစ်​ပါ​တယ်။


Viewing all articles