Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

တိရစ္ဆာန်အစာအတွက် နိုင်ငံခြား မြက်မျိုး အခမဲ့ ဖြန့်ဝေ

$
0
0

မွေးမြူရေးအစာဖြစ်တဲ့ နေပီယာ နိုင်ငံခြား မြက်မျိုးကို ကျောက်ပန်းတောင်း သဘာဝပတ်ဝန်းကျင် အဖွဲ့တခုက အခမဲ့ဖြန့်ဝေပေးနေပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ရှမ်း၊ ကချင် စတဲ့ နေရာတွေမှာ စိုက်ပျိုးနေကြပါတယ်။

“မနှစ်က မိုးခေါင်ပြီး မြက်ရှားတော့ နွားစာတွေကို ကားတွေနဲ့ လိုက်ရှာကြရတယ်။ ငွေကုန်၊ လူပန်း ဖြစ်တာတွေတွေ့ရတော့ ခုလို မျိုးကို အခမဲ့ဖြန့်ပေးတာပါ။ နယ်နီးရင် အခမဲ့ ပို့ပေးပြီး တခြားနေရာတွေကိုတော့ ကားခကို ကျခံခိုင်းပါတယ်’’ လို့ ပုပ္ပါးတောင် ချစ်သူများအသင်း အလုပ်အမှုဆောင် ဦးကျော်ဝင်းဆွေက ပြောပါတယ်။

နေပီယာ မြက်မျိုးပေါင်း ၁၆ မျိုးလောက်ရှိပြီး အခုမျိုးကတော့ စိုက်ပြီး ၂ လ လောက် အကြာမှာပဲ ခုတ်ယူလို့ရပြီး သက်တမ်းက ၈ နှစ်လောက်ဖြစ်ပါတယ်။

“ကျနော် မနှစ်က ၈ လပိုင်းမှာ စစိုက်တယ်။ ခုတော့ တခြားသူတွေကို မျိုး ပြန်ဝေ ပေးနေပါတယ်’’ လို့ ကျောက်ပန်းတောင်းမြို့က တောင်သူတယောက်ဖြစ်တဲ့ ကိုနိုင်ထွန်းက ပြောပါတယ်။

ဒီမြက်စိုက်ဖို့ ထွန်ရေးညက်ဖို့လိုပြီး ၁ ဧက စိုက်ရင် နို့စားနွား အကောင် ၃၀၊ ဒါမှမဟုတ် ဒေသနွား အကောင် ၆၀ စာအတွက် လုံလောက်တဲ့အစာ ရမှာဖြစ်ပါတယ်။

အာဖရိက မျိုးရင်းဖြစ်တဲ့ ဒီမြက်မျိုးဟာ ကြံပင်လိုအဆစ်တွေကို မြေမှာချစိုက်နိုင်ပြီး စစိုက်ကာစမှာပဲ ရေလိုအပ်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းမိုးခေါင်တဲ့ ဒေသတွေမှာ တိရစ္ဆာန်အစာရှားပါးတာကို အမြဲ ရင်ဆိုင်ရတတ်ပြီး လုပ်ငန်းခွင်ပြီးရင် အစာရှိတဲ့ တခြားဒေသတွေကို တိရစ္ဆာန်တွေ ရွှေ့ပြောင်း မွေးမြူကြရပါတယ်။

ဓာတ်ပုံ – ပုပ္ပါးတောင် ချစ်သူများအသင်း

10247199_572557842889230_8136963681492516405_n 10408588_570393613105653_6478079313234242491_n 10443990_577399349071746_1091309275335978543_n 10945644_570394043105610_7887539844819793977_n

The post တိရစ္ဆာန်အစာအတွက် နိုင်ငံခြား မြက်မျိုး အခမဲ့ ဖြန့်ဝေ appeared first on DVB.


Viewing all articles