Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဒေါ်စု အပါအ၀င် ကမ္ဘာ့ထိပ်သီးပုဂ္ဂိုလ်များ ကမ္ဘာ့လုံးဆိုင်ရာ တရားဥပဒေ ထိပ်သီးညီလာခံတွင် ဆွေးနွေးမည်

$
0
0

၂၀၁၅ ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ၂၅ အထိ လန်ဒန်မှာ ကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေ ထိပ်သီးညီလာခံ GLS မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်  ပညာရပ်နယ်ပယ်အသီးသီးက ကမ္ဘာ့ထိပ်သီး နာမည်ကျော်ပုဂ္ဂိုလ်တွေ ဆွေးနွေးဖို့ ရှိတယ်လို့ ကမ္ဘာ့လုံးဆိုင်ရာ တရားဥပဒေ ထိပ်သီးညီလာခံအဖွဲ့က ကြေညာထားပါတယ်။

ဒီအခမ်းအနားဟာ နိုင်ငံတကာဆိုင်ရာ ပြဿ    နာတွေဖြေရှင်းရာမှာ ယူကေရဲ့ ဥပဒေစိုးမိုးမှု ကို ပြသမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေမှာ ဥပဒေပညာရှင်တွေကို ပိုပြီးကူညီနိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။

တခြားကမ္ဘာ့ထိပ်သီး နာမည်ကျော်ပုဂ္ဂိုလ်တွေဖြစ်တဲ့ လက်ရှိ လန်ဒန်မြို့တော်ဝန် ဘောရစ်ဂျွန်ဆင်၊ နိုင်ငံတကာဥပဒေ လုပ်ငန်း Omnia Strategy LLP ကို တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ချယ်ရီဘလဲ ကျူစီ၊ ယူကေ စီးပွားရေးမဂ္ဂဇင်းကြီး Financial Times ရဲ့ အယ်ဒီတာ လီယွန်နယ် ဘာဘာ၊ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအကြံပေးအဖွဲ့ ကမ္ဘာတလွှား  Rothschild Group ရဲ့ ထိပ်တန်းအကြံပေးလည်းဖြစ် ၁၉၉၄ မှ ၂၀၁၄ အထိ တောင်အာဖရိကဆိုင်ရာ အစိုးရ၀န်ကြီးဟောင်းလည်းဖြစ်တဲ့ ထရယ်ဗာ မန်နျူရလ် တို့လည်း ဟောပြော ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Global Law Summit23112014ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေ ထိပ်သီးညီလာခံ ကနေ ဥပဒေနဲ့စီးပွားရေး လုပ်ငန်းနယ်ပယ်တွေက ကြီးမြတ်ကောင်းမွန်မှုတွေကို အတူမြင်တွေ့ကြရမှာဖြစ်ပြီး လာမယ့်နှစ်တွေမှာ ဥပဒေနဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ်တွေကို ခေတ်အမီဆုံး ပုံဖော်ပေးနိုင်ကြဖို့ ဆွေးနွေးကြမှာဖြစ်ပါတယ်လို့ လန်ဒန်မြို့တော်ဝန် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီထိပ်သီးညီလာခံကို ဗီဒီယိုလင့်ကနေ ၀င်ရောက် မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

ဒီညီလာခံမှာ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ ပြိုင်ဆိုင်မှုနဲ့ ပဋိပက္ခ အဖြေရှာခြင်း၊ လူမှုပထ၀ီ၊ နည်းပညာနဲ့ ကမ္ဘာအနှံ့ဖြစ်စဉ်၊ မူပိုင်ခွင့် ကာကွယ်တားဆီးခြင်း၊ နယ်စပ်ဖြတ်ကျော် နဲ့ နိုင်ငံတွင်း ပဋိပက္ခ ဖြေရှင်းခြင်းနဲ့ လူမှုအသိုင်းအ၀န်းဆိုင်ရာ ကောင်းကျိုးဖော်ဆောင်ခြင်း ကိစ္စတွေကို ဟောပြောဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့တွေးခေါ်ပညာရှင်တွေရဲ့ အတွေးအခေါ်၊ အယူအဆတွေကို ကြားနာနိုင်ခွင့် ရရှိမှာဖြစ်ပြီး ကိုယ်စားလှယ်တွေအနေနဲ့လူမှုပိုင်းနဲ့ ကွန်ယက်ဖွဲ့ အခွင့်အလမ်းတွေကနေလဲ အကျိုးအမြတ်တွေ ရနိုင်မှာ ဖြစ်ပါတယ်။

GLS ထိပ်သီးညီလာခံ တက်ရောက်ခွင့်လက်မှတ်တွေကိုလည်းwww.globallawsummit.com ၀က်ဆိုက်ကနေဖြစ်စေ၊ အဖွဲ့ကို တိုက်ရိုက်ဆက်သွယ်ပြီးဖြစ်စေ စတင်ဝယ်ယူနိုင်ပြီလို့လည်း ဖော်ပြထားပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)