Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဂျပန်တွင် ငလျင်ကြောင့် ပြိုကျနေသည့် အိမ်များကို စတင် ရှင်းလင်း

$
0
0

ဂျပန်နိုင်ငံအလယ်ပိုင်း ဟခုဘရွာခံတွေဟာ နိုဝင်ဘာလ ၂၂ ရက်နေ့က အင်အား ရစ်ချတ်တာစကေး ၆.၈ ရှိတဲ့ ငလျင်အပြီး ပြိုကျနေတဲ့အိမ်တွေနဲ့ မြေပြိုမှုတွေကို နိုဝင်ဘာလ ၂၃ ရက်နေ့ကစပြီး ရှင်းလင်းနေပါတယ်။

သေဆုံးသူအစီရင်ခံမှု မရှိပေမယ့် လူအနည်းဆုံး ၃၉ ယောက်ဒဏ်ရာရပြီး အနည်းဆုံး ၇ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ငလျင်ကြောင့် ပြိုကျနေသည့် အိမ်များကို ရှင်းလင်းနေစဉ် (ဓာတ်ပုံ - ရိုက်တာ)

နိုဝင်ဘာလ ၂၂ ရက်နေ့ ငလျင်ကြောင့် ပြိုကျနေသည့် အိမ်များကို ရှင်းလင်းနေစဉ် (ဓာတ်ပုံ – ရိုက်တာ)

၁၉၉၈ နာငနိုဆောင်းရာသီ အိုလံပစ်ပွဲစဉ်အတွင်း စကီခုန်ဆင်းတာနဲ့ တခြားအားကစားနည်း တွေကိုလက်ခံကျင်းပဖူးတဲ့ ဟခုဘရွာမှာ အိမ်ငါးလုံး ငလျင်ကြောင့်ပျက်စီးပေမယ့် ပိတ်မိနေတဲ့ ရွာသားတွေ ကိုအောင်အောင်မြင်မြင် ကယ်နိုင်ခဲ့တယ်လို့ အမျိုးသားရဲဌာန အရာရှိတယောက် က ပြောပါတယ်။

ငလျင်အပြီး ဆူနာမီရေလှိုင်းသတိပေးချက်တော့ မထုတ်ခဲ့ဘူးလို့ ဂျပန်မိုးလေဝသဌာနက ပြောပါတယ်။ ငလျင် ကြောင့် မြေပြိုမှုတွေ ဖြစ်ခဲ့လို့ ဒေသတွင်းရထားဝန်ဆောင်မှုနဲ့ လမ်းတွေ ပိတ်ဆို့ခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့ ပစိဖိတ်ကျောက်လွှာချပ် ကြီးတွေကြားမှာ တစိတ်တပိုင်းရှိနေလို့ မီးတောင်တွေ တန်းစီရှိနေတဲ့အတွက် တကမ္ဘာလုံးမှာ လှုပ်တဲ့ငလျင်စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဂျပန်နိုင်ငံမှာ လှုပ်ခတ်ပါတယ်။

၂၀၁၁ မတ်လ ၁၁ ရက်နေ့က လှုပ်ခဲ့တဲ့ အင်အား ရစ်ချတ်တာစကေး ၉ ထိရှိတဲ့ ငလျင်ကြောင့် ဆူနာမီ ရေလှိုင်းတွေ တက်ခဲ့လို့ လူ ၂ သောင်းနီးပါး သေဆုံးခဲ့ဖူးပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ