Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်ရေး ဆွေးနွေး

$
0
0

ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ(KUPC)နှင့် နိုင်ငံရေးပါတီအသီးသီးက ပြည်ထောင်စုလွှတ်တော် တတ်ရောက်နေတဲ့ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တွေ တောင်ငူမြို့မှာ အောက်တိုဘာ ၄ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

2တံခါးပိတ်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်၊ တိုင်းဒေသကြီးများမှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ကရင်ပြည်သူ့ပါတီမှ ဒုဥက္ကဋ္ဌနှင့် ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ အနယ်နယ်အရပ်ရပ်က ကရင်လူမျိုးများ ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်ရေးအတွက် KUPC နဲ့ လွှတ်တော်တတ်ရောက်နေ တဲ့ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်းဖို့၊ အပစ်ရပ်အတွက် နှစ်ဖက်လုံး စိတ်ရှည်သည်းခံရေးနဲ့ ကရင်တိုင်းရင်းသားတွေ အခြေခံ လူ့ အခွင့်အရေး ရရှိရေးနဲ့ ကရင်လူငယ်တွေ အနာဂတ် သာယာလှပစေဖို့ လွှတ်တော်အတွင်းက ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အတွင်းကနေ ကြိုးပမ်း ဆောင်ရွက်သွားဖို့ သဘာပတိအဖွဲ့က အတည်ပြုဆုံးဖြတ်ခဲ့ကြကြောင်း ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းက ပြောပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ