Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဟောင်ကောင်ရဲအဖွဲ့ကို ထောက်ခံဆန္ဒပြ

$
0
0

ဟောင်ကောင်မှာ ဒီမိုကရေစီထောက်ခံသူတွေက တဖက်၊ အစိုးရ ထောက်ခံသူတွေက တဖက် အခြေအနေတွေ တင်းမာနေချိန်မှာပဲ ရဲအဖွဲ့ကို ထောက်ခံတဲ့ ဆန္ဒပြသမား ၂၀၀ လောက်လည်း အောက်တိုဘာလ ၄ ရက်နေ့မှာ လမ်းပေါ်ထွက်လာကြပါတယ်။

HKဟောင်ကောင်ရဲ့ North Point ရဲဌာန အပြင်ဘက်မှာ ဆန္ဒပြသူတွေထဲမှာ လူကြီးပိုင်းက အများစု ဖြစ်ပြီး အစိုးရကို ထောက်ခံသူတွေပါလို့ သူတို့ကိုယ်သူတို့ ပြောပါတယ်။

ရဲအဖွဲ့ကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ၊ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ထားကြ ပါတယ်။ ဆန္ဒပြသမားတွေထဲက တချို့က လမ်းပေါ်မှာ အကြမ်းဖက်တာကို ဘယ်သူပဲ လုပ်လုပ် လက်မခံနိုင်ဘူးလို့ ပြောကြပါတယ်။

တချို့ တွေက ဖဲကြိုးပြာအုပ်စုဝင်ပါလို့ ပြောပေမယ့် သူတို့အဖွဲ့နဲ့ မဆိုင်ဘူးလို့ ဆန္ဒပြပွဲကို စည်းရုံသူ လက်တီစီယာ လီစီ ရင်က ပြောပါတယ်။ ကျောင်းသားတွေကို လမ်းပေါ်ကနေ ထွက်သွားဖို့ အကြမ်းနည်းသုံးပြီး မောင်းထုတ်သူတွေဟာလည်း ဖဲကြိုးပြာ လှုပ်ရှားမှုအဖွဲ့နဲ့ မဆိုင်ဘူးလို့ ရှင်းပြပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့မှာလည်း ထောင်နဲ့ ချီတဲ့ တန်ပြန်ဆန္ဒပြသမားတွေနဲ့ ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြသမားတွေ အခြေအတင်ဖြစ်ခဲ့ပါတယ်။ မောင်းကွခ်မြို့နယ် လမ်းပေါ်မှာ နှစ်ဖက် အခြေအနေ တင်းမာလို့ ရဲက ၀င်ထိန်းပေးခဲ့ရပါတယ်။

ရဲအဖွဲ့က ထိန်းသိမ်းခဲ့တဲ့အထဲမှာ လူမိုက်ဂိုဏ်းဝင် ၈ ယောက်လည်း ပါဝင်တယ်လို့ သံသယရှိနေပါတယ်။ ရဲအရာရှိ ၆ ယောက်နဲ့ လူ ၁၈ ယောက်လောက် ဒဏ်ရာရသွားတယ်လို့ ဟောင်ကောင်အခြေစိုက် RTHK ရုပ်မြင်သံကြားသတင်းက ဆိုပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ