Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ပစ်ချခံရသည့် မလေးရှားလေယာဉ် ပျံသန်းမှုမှတ်တမ်း ခွဲထွက်ရေးသမားများ တွေ့ရှိ

$
0
0

ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းသေတ္တာကို ယူကရိန်းခွဲထွက်ရေးတွေက ရှာဖွေ တွေ့ရှိခဲ့ကြပြီး ကျွမ်းကျင်သူတွေရဲ့ အတည်ပြုချက် မရမချင်း ထိန်းသိမ်းထားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က ဆိုပါတယ်။

bigဇူလိုင် ၁၈ ရက်နေ့က ရိုက်ယူထားတဲ့ ဗွီဒီယိုမှတ်တမ်းထဲမှာ ဂျုံခင်းတွေထဲ ကနေ လေယာဉ် မှတ်တမ်း သေတ္တာ တခုကို ရှာဖွေ တွေ့ရှိခဲ့ တာကို ဖော်ပြ ထားပါတယ်။

ယူကရိန်း ခွဲထွက်ရေးခေါင်းဆောင် အလက်ဇ်ဇန်ဒါး ဘိုရိုဒိုင်း (Aleksander Borodai) က မှတ်တမ်းသေတ္တာလို့ ယူဆရတာတွေကို ဒိုနက်ရှ်မြို့မှာ ထိန်းသိမ်းထားပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ကြီးက ကျွမ်းကျင်သူတွေ အတည်ပြုပြီးမှ သေတ္တာကို လွှဲပြောင်းပေးအပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဇူလိုင် ၂၀ ရက်နေ့ကတော့  သေဆုံးခဲ့တဲ့ အယောက် ၂၀၀ ကျော်ရဲ့ ရုပ်အလောင်းတွေကို ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်တွေထံ ယူကရိန်းခွဲထွက်ရေးတွေက စစ်ဆေးခွင့် ပေးခဲ့ပါတယ်။

ရုပ်အလောင်းတွေကို အအေးခန်း ကုန်တင်ရထားတွဲတွေမှာ တင်ဆောင်ထားပြီး ယူကရိန်း ပိုင်နက်ထဲကို ပေးပို့သွားမယ်လို့ ဆိုကြပါတယ်။

ပူပြင်းတဲ့နွေရာသီအပူချိန်ကြောင့် ပျက်စီးကုန်တဲ့ ရုပ်အလောင်းတွေကို ယူကရိန်း ခွဲထွက်ရေးတွေ ဖြစ်သလို ကိုင်တွယ်ခဲ့ပုံတွေကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

သေဆုံးသူ တ၀က်ကျော် ပါဝင်တဲ့ နယ်သာလန်နိုင်ငံက ဒေါသထွက်ခဲ့ပြီး နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင် ပြောဆိုခဲ့ပါတယ်။


Viewing all articles