Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

အာစင်နယ် ညာနောက်ခံလူ ဒီဗျုချီကို နယူးကာဆယ်အသင်းက ခေါ်ယူ

$
0
0

အာစင်နယ်က ညာနောက်ခံလူ ဒီဗျုချီကို နယူးကာဆယ်အသင်းကနေ ခေါ်ယူလိုက်ပါတယ်။

ဓာတ်ပုံ - ရိုက်တာ

ဓာတ်ပုံ – ရိုက်တာ

ပြောင်းရွှေ့ကြေးကို ဖော်ပြတာ မရှိပေမယ့် ဒေါ်လာသန်း ၂၀ ၀န်းကျင် လောက် ရှိလိမ့်မယ်ဆိုပြီး ဗြိတိသျှမီဒီယာတွေက ခန့်မှန်းဖော်ပြနေတာပါ။

အာစင်နယ်က အသင်း ပြောင်းသွားတဲ့ ဆက်ဂါနာရဲ့ နေရာမှာ အစားထိုးဖို့ အသက် ၂၈ နှစ် အရွယ် ညာနောက်ခံ လူကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

ဒီဗျုချီဟာ ပြင်သစ်လက်ရွေးစင် တဦးဖြစ်ပြီး ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းနဲ့အတူ ကွာတား ဖိုင်နယ်အထိ ရောက်ခဲ့ပါတယ်။

နည်းပြ အာစင်ဝင်းဂါးကတော့ ဒီဗျုဟာ အရည်အချင်းမီတဲ့ နောက်တန်းသမားဖြစ်ပြီး ပရီးမီးယား လိဂ် အတွေ့အကြုံလည်း ရှိပါတယ်။ သူ့အနေနဲ့ အသင်းရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင် လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဒီဗျုချီဟာ ပြင်သစ်ကလပ် လိုင်လီကနေ နယူးကာဆယ်ကို ရောက်ရှိလာပြီး ၁၈ လအကြာမှာ အာစင်နယ်ကို ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။


Viewing all articles