Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဗီယက်နမ်တွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသားများကို ပြန်ခေါ်

$
0
0

တရုတ်အစိုးရဟာ ဗီယက်နမ်နိုင်ငံက တရုတ်နိုင်ငံသားတွေကို အိမ်ပြန်ခေါ်ဖို့ အစီအစဉ်တွေကို ဒီနေ့ ဆောင်ရွက်နေပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ဗီယက်နမ်နိုင်ငံ ဟာတင် ခရိုင်ဆိပ်ကမ်းကို တရုတ်သင်္ဘော ၂ စီး ရောက်လာခဲ့ပြီး တရုတ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေအတွင်း ပိတ်မိနေခဲ့တဲ့ တရုတ်နိုင်ငံသားတွေကို ပြန်ခေါ်မှာ ဖြစ်ပါတယ်။

chineseတရုတ်အစိုးရက သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ သင်္ဘော ၄ စီးကို မနေ့က စေလွှတ်ခဲ့တာပါ။ အခုရောက်နေတဲ့ သင်္ဘော ၂ စီးဟာ ဗီယက်နမ်ကနေ ဒီနေ့မွန်းလွဲ ပိုင်း  ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

နှစ်ဖက်အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေအရ ဗီယက်နမ်နိုင်ငံတွင်း တရုတ်ဆန့်ကျင်ရေး အကြမ်းဖက်မှုကြောင့် တရုတ် နိုင်ငံသား ၂ ဦးသေဆုံးပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရပါတယ်။

တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကြောင့် ဖြစ်တဲ့ အကြမ်းဖက်မှုအတွင်း ဟာတင်ခရိုင်က သံနဲ့သံမဏိ စက်မှုဇုန်က အဆိုးရွားဆုံး ထိခိုက်ခဲ့ပါတယ်။ ဒီစက်မှုဇုန်ကို တိုင်ပေ အခြေစိုက် ဖော်မိုဆာ ပလတ်စတစ် အုပ်စုက ရင်းနှီးမြှုပ်နှံထားတာပါ။

ဒီဖြစ်ရပ်အတွင်း တရုတ်နိုင်ငံသား ၁၆ ဦး အသည်းအသန် ဒဏ်ရာရခဲ့လို့ မေ ၁၈ ရက် မနက်အစောပိုင်းမှာ တရုတ်အစိုးရက စီစဉ်ပေးတဲ့ လူနာတင်လေယာဉ်နဲ့ တရုတ်နိုင်ငံကို ပြန်ခေါ်သွားခဲ့ပါတယ်။ မေ ၁၇ ရက် မွန်းလွဲပိုင်းကတော့ တရုတ်နိုင်ငံသား အယောက် ၃၀၀၀ ကျော်ကို နေရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)