Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးများပါဝင်နိုင်ရေး ရှမ်းပြည်တွင်ဆွေးနွေး

$
0
0

မငြိမ်းချမ်းတဲ့ အချိန်နဲ့နေရာတွေမှာ အမျိုးသမီးထုက ပိုပြီးဒုက္ခရောက်တဲ့အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေပါဝင်ဖို့ ရှမ်းပြည်နယ်က အမျိုးသမီးတွေ ဆွေးနွေးနေကြပါတယ်။

10362650_393494917454906_983826215_n“ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေအတွက် ထည့်သွင်းစဉ်းစားတာ မရှိသလောက်ဖြစ်ပါတယ်။ တစ်ကယ်တန်း မငြိမ်းချမ်းလို့ ဒုက္ခရောက်ရင် အမျိုးသမီးနဲ့ ကလေးတွေက ပိုပြီးခံရတယ်” လို့ ကယန်း အမျိုးသမီး အဖွဲ့အစည်းရဲ့ ဗဟိုကော်မတီဝင် မမူဟယ်လင်က ပြောပါတယ်။

တောင်ကြီးမြို့က အောက်မေ့ဖွယ် ဓမ္မာရုံမှာ ပြုလုပ်နေတဲ့ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရှမ်းပြည်နယ်တစ်ဝန်း အဖွဲ့အစည်း ၆၀ ကျော်က အမျိုးသမီး ၁၅၀ လောက် တက်ရောက်ဆွေးနွေးနေတာပါ။

ဆွေးနွေးပွဲကို ဦးဆောင် ပြုလုပ်တဲ့ မျိုးဆက်ဆက် (ရှမ်းပြည်) အဖွဲ့ရဲ့ အမျိုးသမီး တာဝန်ခံ မသန္တာဦးက “လောကမှာ ကျားနဲ့ မ ပဲရှိတယ်။ အမျိုးသမီးတွေကို ချန်ထားရင် တစ်ဖက်စောင်းနင်း ဖြစ်သွားမှာပေါ့။ ဒီတော့ အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဘာကြောင့် ပါဝင်ရမလဲ၊ ဘယ်လိုပါဝင်ရမလဲဆိုတာ ဆွေးနွေးကြပါမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆွေးနွေးပွဲကို ဒီနေ့နဲ့ မနက်ဖြန် ပြုလုပ်မှာ ဖြစ်ပြီး ဆွေးနွေးချက်တွေကို သက်ဆိုင်ရာတွေဆီ ဘယ်လို တင်ပြမယ်ဆိုတာကိုလည်း အများဆန္ဒနဲ့ ရွေးချယ်သွားမယ်လို့လည်း မသန္တာဦးက ပြောပါတယ်။


Viewing all articles