Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မတ် ၂၇ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် –ဒေါက်တာထွန်းလွင်

$
0
0

မတ် ၂၇ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်ကင်းစင်နေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေပါတယ်။

မတ် ၂၈ ရက်နေ့

မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက် ရှိနိုင်ပါတယ်။ ကျန်မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ ပေကနေ ၂ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၈ လောက် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုဟာ လွန်ကဲအဆင့် ကနေ ဆက်လက်ကျဆင်းခြင်း မရှိနိုင်ဘဲ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၀ ကနေ ၁၃ လောက်ထိ မြင့်တက်နိုင်ပါတယ်။

Slide4ခရမ်းလွန်ရောင်ခြည် မြင့်တက် မှုတွေဟာ လွန်ကဲအဆင့်ကိုရောက်နိုင်တဲ့ အတွက် မနက် ၁၁ နာရီကနေ နေ့လယ် ၂ နာရီအတွင်း နေပူထဲ မထွက်ဖို့နဲ့ တကယ်လို့ သွားလာတဲ့အခါမှာ အကာအကွယ်မဲ့ သွားလာခြင်းမပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကနေ ၃၄ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၅ ဒီဂရီစင်တီဂရိတ်ကနေ ၄၀ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ် မြောက်ပိုင်းမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မြောက် ပိုင်းမှာ မိုးရွာဖို့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပြီး နေရာကွက်ကြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ မတ် ၂၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံမှာဆိုရင် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေတာကို တွေ့ရပါတယ်

မတ် ၂၈ ရက်နေ့အတွက် နေပြည်တော်နဲ့အနီးတ၀ိုက်မှာ  အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ အများအားဖြင့်သာယာနိုင်ပါတယ်။

မတ် ၂၇ ရက်နေ့ မနက်၈နာရီခွဲ အချိန်ဖမ်းယူထားတဲ့ တိမ်ပုံအရ ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေပါတယ်။

မတ် ၂၈ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ အများအားဖြင့်သာယာနိုင်ပါတယ်။

မတ် ၂၇ ရက်နေ့မနက် ၈နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ မန္တလေးမြို့နဲ့အနီးတ၀ိုက်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မတ် ၂၈ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၂  ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ အများအားဖြင့်သာယာနိုင်ပါတယ်။


Viewing all articles