Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့်ဂျပန်ကို ဒုံးကျည် စမ်းသပ်ပစ်လွှတ်

$
0
0

မြောက်ကိုရီးယားနိုင်ငံက မတ် ၂၆ ရက် ဒီနေ့အစောပိုင်းမှာ တာလတ်ပစ် မစ်ဇိုင်း ဒုံးကျည် ၂ စင်းကို တောင်ကိုရီးယား အရှေ့ဘက်ကမ်းရိုတန်းနဲ့ ဂျပန်နိုင်ငံဘက်ကို ဦးတည် ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

_73813067_021633075တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စု တို့က မြောက်ကိုရီးယား နျူက လီးယား အစီအစဉ်တွေ အကြောင်း ဆွေးနွေး တဲ့ နောက်တရက်မှာပဲ  မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တာ ဖြစ်ပါတယ်။

ဒုံးကျည်ကို ပြုံယမ်းမြို့တော်မြောက်ဘက်ကနေ စတင် ပစ်လွှတ်ခဲ့ပြီး  မိုင် ၄၀၀  အဝေးက ရေပြင်ပေါ်ကို ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။

မနက် ၂ ခွဲနဲ့ ၂ နာရီ ၄၅ မိနစ်ကြားမှာ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ဒီမတိုင်ခင်က တရက်ကပဲ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ နျူကလီးယား ဆွေးနွေးပွဲမှာ  တောင်ကိုရီးယားသမ္မတ ပတ်ဂွန်းဟေး၊ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့ သီးသန့် တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်တွေကို စစ်ရေးခြိမ်းခြောက်မှုအဖြစ် သဘောတူကြတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီးက မြောက်ကိုရီးယားဟာ စစ်ရေး လေ့ကျင့်မှုတွေကို ပုံမှန်လိုလို လုပ်နေတယ်လို့ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ပုံမှန် ရှုတ်ချခဲ့ပါတယ်။

ဖေဖော်ဝါရီလတုန်းက အမေရိကန်ရဲ့ နျူကလီးယားလက်နက် စစ်ဆင်ရေး လုပ်နိုင်တဲ့ ဘီ ၅၂ ဗုံးကြဲလေယာဉ် တောင်ကိုရီးယား လေပိုင်နက်မှာ အစမ်းပျံသန်းခဲ့တာကို မြောက်ကိုရီးယားက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ အခု နောက်ဆုံး လက်နက်စမ်းသပ်မှုကို တောင်ကိုရီးယားနဲ့ ဂျပန် အစိုးရတို့က အပြစ်တင်ပြီး နောက်ထပ် အလားတူစမ်းသပ်မှုတွေ ထပ်မလုပ်ဖို့ တောင်းဆို လိုက်ပါတယ်။


Viewing all articles