Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဟိုတယ်များကို လုံခြုံရေးဝင်ပေါက် တပ်ဆင်ရန် ညွှန်ကြား

$
0
0

ဟိုတယ်၊ မိုတယ်နဲ့ အင်းတွေအနေနဲ့ လုံခြုံရေးအတွက် ဟိုတယ် ၀င်ထွက် အဓိက ကျတဲ့နေရာတွေမှာ လုံခြုံရေးဝင်ပေါက်တွေ တပ်ဆင်ထားခြင်း မရှိရင် နောက်ထပ် လိုင်စင် သက်တမ်းတိုးပေးမှာ မဟုတ်ဘူးလို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာပါတယ်။

yuzana gardenဒါ့အပြင် ညွှန်ကြားချက်ထဲမှာ ဟိုတယ်အဆင့်ဆိုရင် X-Ray စက်၊ Walk Thorough လို လုံခြုံရေးစက်တွေ တပ်ဆင်ဖို့နဲ့ တည်းခိုလာသူတွေကို မှတ်ပုံတင် ဒါမှမဟုတ် ပတ်စ်ပို့ပါမှ တည်းခိုခွင့်ပြုရမယ်လို့လည်း ပါဝင်ပါတယ်။

ခုလို ညွှန်ကြားရတာ ဟာ ဖေက်ခွဲဖျက် ဆီးရေး ပစ္စည်းတွေ၊ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဟိုတယ်ခန်းထဲ အလွယ်တကူ သယ်ဆောင်သွားနိုင်လို့ အသိပေးရတာလို့ဖော်ပြထားပါတယ်။

ရန်ကုန် ကုန်သည်ကြီးများ ဟိုတယ်ကို စုံစမ်းရာမှာ သူတို့ ဟိုတယ်အနေနဲ့ X-Ray စက်ရော Walk Thorough ကိုပါ တပ်ဆင်ထားပြီး ဖြစ်တယ်လို့ ပြောဆိုပေမယ့် အခြားဟိုတယ် အများစုကတော့ တပ်ဆင်ထားခြင်း မရှိသေးပါဘူး။

လက်ရှိ မြန်မာနိုင်ငံ ဟိုတယ်ဇုန် ၁၁ ခုမှာ ဟိုတယ်အလုံး ၉၆၀ ရှိပြီး အခန်းပေါင်း ၃ သောင်း ၆ ထောင်ကျော် ရှိနေပါတယ်။


Viewing all articles