Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ထိုင်းအစိုးရဖြုတ်ချရေး ဆက်လက်ဆန္ဒပြ

$
0
0

ထိုင်းနိုင်ငံတွင်း ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကို ဖြုတ်ချရေး ရည်မှန်းတဲ့ ဆန္ဒပြပွဲတွေ အတွင်း တိုက်ခိုက်မှုတွေကြောင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက လုံခြုံရေး စိုးရိမ်နေကြပေမယ့် ဒီနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

မြို့တော်ဘန်ကောက်အလယ်က လဒ်ဖရာအို ရပ်ကွက်မှာ ဒီနေ့မနက် အစောပိုင်းက ဗုံးနဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂ ဦး ဒဏ်ရာရပါတယ်။ မျက်မြင်သက်သေ တယောက်ကတော့ ဒုတိယအကြိမ် တိုက်ခိုက်မှုကို ကြောက်ပြီးပုန်းနေကြဖို့ တခြားလူတွေကို အော်ဟစ်သတိပေးခဲ့တယ်လို့ ပြောပါတယ်။

thailand-protest-reuters-012614.jpg_520_345_100တိုက်ခိုက်မှုတွေ ရှိပေမယ့် ရွေးကောက်ပွဲမတိုင်မီ ပြုပြင်ပြောင်းလဲမှု လုပ်ရေး တွန်းအားပေး မယ်လို့လည်း ဆန္ဒပြသူတွေက ပိုင်းဖြတ်ထားကြပါတယ်။

ဆန္ဒပြပွဲတွေနဲ့ မြို့တော်တွင်း လမ်းပိတ်မှုဖိအားတွေကို ရင်ဆိုင်နေရတဲ့ ထိုင်းအစိုးရဟာ ကန့်ကွက်မှုတွေကြားက ဖေဖော်ဝါရီ ၂ ရက်ရွေးကောက်ပွဲကို ဆက်လုပ်မယ်လို့ ဇန်န၀ါရီ ၂၈ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။

ပညာရှင်တွေနဲ့ ဆန္ဒပြသူတွေကတော့ ဒီရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေနဲ့ အုပ်ချုပ်မှုလုပ်ငန်းပိုင်း ရပ်ဆိုင်းတာတွေ ၆ လလောက် ဖြစ်နိုင်တယ်လို့ သတိပေးထားခဲ့တာပါ။

အကြမ်းဖက်မှုဘေးတွေ ရှိနေပေမယ့် ၀န်ကြီးချုပ်နဲ့ ရွေးကောက်ပွဲကော်မရှင် အရာရှိတွေ စစ်တပ်ကလပ်ထဲမှာ ဆွေးနွေးအပြီး ခုလို ဆုံးဖြတ်တာပါ။ ရွေးကောက်ပွဲကော်မရှင်ကတော့ တိုင်းပြည်ဟာ ရွေးကောက်ပွဲ ကျင်းပလို့ မရလောက်အောင် မတည်မငြိမ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ကုဋေကြွယ်သူဌေးကြီး သက်ဆင် ရှင်နာဝပ် ကြိုးကိုင်တဲ့ နိုင်ငံရေးပါတီတွေက ၂၀၀၁ ခုနှစ်ကနေ ခုထိ ရွေးကောက်ပွဲတိုင်း အနိုင်ရခဲ့တာပါ။

ဆန္ဒပြသူတွေကတော့ သူရဲ့ နိုင်ငံရေးသြဇာလွှမ်းမှုကို တိုက်ဖျက်ရေး ပြုပြင်ပြောင်းလဲရေး တွေကို လုပ်ချင်နေကြပါတယ်။


Viewing all articles