Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဖိလစ်ပိုင် ကျူးကျော် ဖယ်ရှားမှု ပဋိပက္ခဖြစ်ပွား

$
0
0

ဖိလစ်ပိုင်မြို့လယ်က ကျူးကျော်နေထိုင်သူတွေနဲ့ မြို့တော်အုပ်ချုပ်ရေးရဲ့ ကျူးကျော် ဖယ်ရှားရေးအဖွဲ့တွေဟာ ဇန်န၀ါရီ ၂၇ ရက်နေ့က ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

Untitled-1 copyကျူးကျော်နေထိုင်သူတွေနဲ့ ဆန္ဒပြသူတွေဟာ ကျူးကျော်ဖယ်ရှားရေးအဖွဲ့တွေ ရှေ့ဆက်လာလို့ မရအောင် ကျောက်ခဲ၊ ပုလင်းတွေ၊ ဓာတ်ဆီ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ ကြတာကြောင့် အစိုးရလုံထိန်းတပ်ဖွဲ့တွေနဲ့ အရေးပေါ်တိုက်ခိုက်ရေး တပ်ဖွဲ့တွေက ၀င်ရောက်ပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရပါတယ်။

ကျူးကျော်ရပ်ကွက်မှာ ၂၆ နှစ်ကြာ နေထိုင်ခဲ့တဲ့သူတွေကို အန်ကာက လုံခြုံရေးတပ်ဖွဲ့တွေက အင်အားအလွန်အကျွံသုံးခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ကျူးကျော်ဖယ်ရှားရေးအဖွဲ့ဝင်တဦး အပါအ၀င် လူအချို့ ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့သူ အနည်းဆုံး ၇ ဦးကို ရဲက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။

ကျူးကျော်တွေကို ဖယ်ရှားဖို့ ကြိုတင် အသိပေးခဲ့တယ်လို့ အစိုးရက ဆိုပေမယ့် ကျူးကျော်တွေက မသိရှိခဲ့ဘူးလို့ ပြောပါတယ်။ မြို့တော်မနီလာနဲ့ ပတ်ဝန်းကျင်ကို အဆင့် မြှင့်တင်ဖို့ ပြီးခဲ့နှစ်ကတည်းကစပြီး မြို့တော်အုပ်ချုပ်ရေးအဖွဲ့တွေက ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားနေခဲ့တာပါ။

အခု ဖယ်ရှားမှုကလည်း ၁၁ မီတာအကျယ် ကားလမ်းမ ချဲ့ထွင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ