Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဆီးရီးယား သူပုန်တွေ သိမ်းပိုက်ထားသည့် လေဆိပ် ပြန်လည်ဖွင့်လှစ်

$
0
0

ဆီးရီးယားနိုင်ငံ အလစ်ပိုမြို့လေဆိပ်ကို သူပုန်တွေ သိမ်းပိုက်ထားလို့ ၁ နှစ်ကြာ ပိတ်ထားရာကနေ ဇန်န၀ါရီ ၂၂ ရက်နေ့က ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဆီးရီးယားငြိမ်းချမ်းရေးညီလာခံ စတင်ကျင်းပတဲ့နေ့မှာပဲ အခုလို ပြန်လည် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

A general view of Aleppo International Airport in Aleppoအလစ်ပိုမြို့ဟာ ဒမာစကတ်မြို့တော်ရဲ့ မြောက်ဘက် မိုင် ၂၀၀ အကွာမှာ ရှိပြီး ယခင်က စီးပွားရေး အချက်အချာ မြို့ကြီး ဖြစ်ခဲ့ပါတယ်။

ဒမာစကတ်မြို့တော်က သတင်းထောက်တွေ လိုက်ပါလာတဲ့ ခရီးသည်လေယာဉ်တစင်း အလစ်ပိုမြို့လေဆိပ်မှာ ဆင်းသက်ခဲ့တာကို နိုင်ငံပိုင် ရုပ်မြင်သံကြားက ပြသခဲ့ပါတယ်။

လေယာဉ်အတက်ရော၊ အဆင်းပါ ပြဿနာ တစုံတရာ မရှိခဲ့တာကြောင့် အစိုးရစစ်တပ်ဟာ မြို့နဲ့ ပတ်ဝန်းကျင်ကို တိုးချဲ့ထိန်းချုပ်လာနိုင်ပြီ ဖြစ်တယ်လို့ လိုက်ပါလာတဲ့ သတင်းထောက်တဦးက ဆိုပါတယ်။

ဆီးရီးယားသူပုန်တပ်ဖွဲ့တွေက ၂၀၁၂ နှစ်လယ်ကတည်းက အလစ်ပိုမြို့တ၀က်လောက်ကို ထိန်းချုပ်ထားခဲ့ပြီး ပြီးခဲ့တဲ့လက အရပ်သားရာနဲ့ချီတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအပြီး အစိုးရ တပ်တွေက ပြန်လည်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက အလစ်ပိုမြို့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်တွေကို ရုရှားနိုင်ငံမှာ ချပြခဲ့ပါသေးတယ်။

ဆီးရီးယားသူပုန်တွေထဲမှာလည်း အလယ်အလတ်သူပုန်အဖွဲ့တွေနဲ့ အယ်ကိုင်ဒါနဲ့ ဆက်စပ်တဲ့ သူပုန်အဖွဲ့တွေကြား အပြန်အလှန် တိုက်ခိုက်နေကြပြီး ဒီလထဲမှာပဲ လူ ၁ ထောင် ကျော် သေဆုံးခဲ့ပါတယ်။

သူပုန်အချင်းချင်းတိုက်ခိုက်နေမှုဟာ အတိုက်အခံအင်အားစုတွေတွင်း အင်အား ပြုန်းတီးမှုကို ဖြစ်စေပြီး အစိုးရတပ်တွေ အလစ်ပိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးမှာ အထောက်အကူ ဖြစ်ခဲ့ပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ