Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ထိုင်းတွင် ကားမှောက်၊ မြန်မာအလုပ်သမား ၁ ဦး သေဆုံး

$
0
0

မြန်မာအလုပ်သမားတွေ စီးနင်းလိုက်ပါလာတဲ့ ထိုင်းနိုင်ငံ မဲဆောက်ကနေ မဟာချိုင်ကို သွားတဲ့ကား တိမ်းမှောက်ပြီး ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရသွားပါတယ်။

အဲဒီအလုပ်သမားတွေဟာ တာ့ခရိုင် မဲဆောက်မြို့ကနေ ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်ခရိုင် မဟာချိုင်အသွား ကမ်ဖိုင်ဖစ်ခရိုင် ခလောင်းခလုန် မြို့နယ် ထာ့ဖုထရာရပ်ကွက် ဖာ့ဟွန်ယိုးထင်းလမ်းပေါ်မှာ ကားမှောက်မှုနဲ့ ကြုံတွေ့ခဲ့တာလို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - Manager Online

ဓာတ်ပုံ – Manager Online

ဇန်န၀ါရီ ၁၄ ရက်နေ့ ညသန်းခေါင်မှာ ကားမှောက်ခဲ့တယ်လို့ ကမ်ဖိုင်ဖစ်ခရိုင် ခလောင်းခလုန်မြို့နယ်ရဲစခန်းက အထူးစုံစမ်းစစ်ဆေးရေး အရာရှိ ဗိုလ်မှူး နခွန်းဆိုင်အုတ်က သတင်းထောက်တွေကို ပြောကြားပါတယ်။

တာဝန်ကျ ရဲဝန်ထမ်းတွေနဲ့ အတူ အခင်းဖြစ်တဲ့နေရာကို သွားကြည့်ရာမှာ ငွေရောင် ဟိုင်းလပ်ကား ၁ စီး မီးလောင် ပျက်စီးနေပြီး ကားပေါ်ပါလာသူ ခရီးသည် စုစုပေါင်း ၆ ဦးလုံး ပြင်းထန်စွာ ဒဏ်ရာရရှိနေတယ်လို့ ဆိုပါတယ်။

ကားပေါ်မှာ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦးနဲ့ ကလေးငယ် ၁ ဦးတို့ ပါရှိပြီး အမျိုးသားဟာ ဆေးရုံရောက်ပြီး မကြာခင် သေဆုံးသွားတယ်လို့ ရဲစခန်းအရာရှိက ပြောပါတယ်။

ကျန်သူတွေမှာ ခြေကျိုးသူ၊ လက်ကျိုးသူတွေနဲ့ မြို့နယ်ဆေးရုံကြီးမှာ ကုသမှု ခံယူနေကြောင်း၊ ယာဉ်မောင်းသူ ထိုင်းအမျိုးသားတော့ ဘေးကင်းခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းသူ နိုင်းထ၀ိ နိုင်ကောင်လိုင်ရဲ့ ထွက်ဆိုချက်အရ ကားပေါ်ပါလာသူတွေဟာ မြန်မာအလုပ်သမားတွေ ဖြစ်ပြီး မဟာချိုင်ကို သွားဖို့ ဖြစ်ကြောင်း၊ လမ်းခရီးမှာ မော်တော်ကား ဘီးပေါက်ပြီး လမ်းဘေးကို ထိုးကျသွားကြောင်း၊ အဲဒီမှာ ကရိန်းကား ရောက်လာပြီး ကားကို ပြန်ဆွဲတင်ဖို့ ကြိုးစားနေတုန်း ဂက်စ်ယိုစိမ့်ပြီး ကား ၁ စီးလုံး မီးလောင်ခဲ့တာ ဖြစ်တယ်လို့ ရဲအရာရှိအပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။


Viewing all articles

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...