Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မြားပစ်အားကစားနည်းတွင် မြန်မာက အမှတ်အများဆုံးဖြင့် ဦးဆောင်

$
0
0

နေပြည်တော် ၀ဏ္ဏသိဒ္ဓိ မြားပစ်ကွင်းမှာ ကျင်းပ ပြုလုပ်တဲ့ မသန်စွမ်း Men Compound မြားပစ် အားကစားပြိုင်ပွဲမှာ အိမ်ရှင် မြန်မာက ၆၅၅ မှတ်နဲ့ ဦးဆောင်နေပါတယ်။

Archrh paraမသန်စွမ်း မြားပစ်အားကစားနည်းရဲ့ ဆက်ဆံရေးအရာရှိဖြစ်တဲ့ ဦးနိန်လိန်ထန်းက “Men Compound အဖွင့်ပွဲစဉ်မှာ မြန်မာက အမှတ်အများဆုံးနဲ့ နံပါတ် ၁၊ ၃၊ ၄နဲ့ ၁၁ နေရာမှာ ရှိနေပါတယ်။ မလေးရှားအသင်းက ကပ်လိုက်လာနေပါတယ်။ မနက်ဖြန်ကျရင် Men Compound ရှုံးထွက်ပွဲစဉ်အတွက် ရွှေတံဆိပ်ဆု ၅ ဆုကို ပေးအပ်မှာပါ။ အသင်းလိုက်ပွဲကတော့ ရွှေတံဆိပ် ၂ ခု ချီးမြှင့်မှာပါ” လို့ ပြောပါတယ်။

Men Compound အတွက်ဆိုရင် ရွှေတံဆိပ်ဆုကို ရနိုင်တယ်လို့ သူက ပြောပါတယ်။

မြားပစ်အားကစား နည်းပြ ဒေါ်သီသီဝင်းက “ပြိုင်ပွဲ ကျင်းပတဲ့အချိန်မှာ မြန်မာကစားသမားတွေက အရမ်း စိတ်လှုပ်ရှားနေပါတယ်။ နည်းပြက နောက်ကနေ အားနည်းချက်ကို ထောက်ပြ ပြောပေးရပါတယ်” လို့ ရှင်းပြပါတယ်။

မသန်စွမ်း မြားပစ် အားကစားနည်းတွင် Recurve အတွက် ၄ ယောက်၊ Compound အတွက် ၄ ယောက် အပါအ၀င် အာဆီယံဒေသတွင်းနိုင်ငံမှာ အားကစားသမား အယောက် ၄၀ ၀င်ရောက် ယှဉ်ပြိုင်နေကြောင်း သိရပါတယ်။

မသန်စွမ်း မြားပစ်အားကစားနည်းမှာ ဒေသတွင်းနိုင်ငံ အားကစားသမားတွေရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး ဦးနိန်လိန်ထန်းက “Compound အတွက်ဆိုရင် မလေးရှားက အဓိက တော်တော်လေး ကောင်းပါတယ်။ Recurve အတွက်တော့ ထိုင်းက တော်တော် ကောင်းပါတယ်။ Recurve ပြိုင်ပွဲမှာ ၂၀၁၃ ခုနှစ် ကမ္ဘာ့ ပါရာအိုလံပစ်ပြိုင်ပွဲက ရွှေတံဆိပ်ဆုရှင် ၁ ယောက် ပါပါတယ်” လို့ ပြောပါတယ်။

ပြိုင်ပွဲကို ဇန်န၀ါရီ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားရွာမှာ အားကစားနည်း ၁၂ မျိုးကို ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်းနိုင်ငံမှာ မသန်စွမ်း အားကစားသမား ၁၁ဝဝ ကျော် ယှဉ်ပြိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားသမား ၂၁၃ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

ပါရာဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက် အာဆီယံပါရာဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာပါ။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ