Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

စစ်တွေတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး အန္တရာယ်ပြုခံရပြီး သေဆုံး

$
0
0

ရခိုင်ပြည်နယ် စစ်တွေမြို့က တရုတ်သင်္ချိုင်း အုတ်ဂူတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့တဲ့ ဘင်္ဂါလီ ၆ ဦးကို တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပြန်လည်အန္တရာယ်ပြုခံခဲ့ရတဲ့ အတွက် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Sittweဒီဇင်ဘာလကုန်က ဘင်္ဂါလီတွေက အုတ်ဂူတွေကို ဖျက်ဆီးနေတာကို တားမြစ်ဖို့အတွက် သွားရောက်ခဲ့သူ ၂ ဦးကို အကြမ်းဖက် တုံ့ပြန်ခဲ့တဲ့အတွက် အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့သူ ၆ ဦး အနက် ၂ ဦးကို ဖမ်းဆီးထားပြီး ၄ ဦးလွတ်မြောက်နေတယ်လို့ ရဲမှူးချုပ် ၀င်းခေါင်က ဒီဗွီဘီကို ပြောပါတယ်။

လွတ်မြောက်နေတဲ့သူတွေကို ဖမ်းဆီးဖို့ ကြိုးစားနေသလို ဖမ်းဆီးရမိတဲ့သူတွေကိုလည်း ဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ ယူနီဖောင်းအပြည့်အစုံနဲ့ တာဝန် ၀တ္တရားကို ထမ်းဆောင်ဖို့ သွားရောက်စဉ်မှာ အခုလို ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ