Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

အီဂျစ်ပေါက်ကွဲမှု ၁၁ ဦး သေ၊ ၁၀၀ ကျော် ဒဏ်ရာရ

$
0
0

အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်းဒေသမှာ ဒီဇင်ဘာ ၂၄ ရက် ဒီနေ့မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပြီး အနည်းဆုံး လူ ၁၁ ယောက် သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရသွားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပဖို့ ၁ လပဲ လိုတော့တဲ့အချိန်မှာ မန်ဆိုရာမြို့ ရဲဌာနချုပ်ဝင်းမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်တာ ဖြစ်ပါတယ်။

A damaged area is seen after an explosion at a security building in Mansoura city, the capital of Dakahlyia Governorateအစိုးရအဖွဲ့ရဲ့ ပြောခွင့်ရသူ ဆာရစ်ဆောကီက “ဒီဖောက်ခွဲမှုဟာ အစ္စလာမစ်ဝါဒီ သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံတဲ့ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ရဲ့ လက်ချက်” လို့ အပြစ်တင်ပါတယ်။

လုံခြုံရေးအဖွဲ့ဝင်တယောက်ကတော့ ကားဗုံးခွဲမှုလို့ ယူဆပေမယ့် အသေခံ ဗုံးခွဲမှုလား ဆိုတာကတော့ မသဲကွဲသေးပါဘူးလို့ ဆိုပါတယ်။

နိုင်ငံပိုင် ရုပ်သံကတော့ အနည်းဆုံး လူ ၁၁ ယောက် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရတယ်လို့ ကြေညာပါတယ်။ သေဆုံးသူတွေထဲမှာ အရာရှိ ၂ ယောက်လည်း ပါဝင်ပါတယ်။

မန်ဆိုရာမြို့မှာ ဒီလောက်ဆိုးရွားပြင်းထန်တဲ့ ပေါက်ကွဲမှုမျိုး တခါမှ မကြုံခဲ့ဖူးဘူးလို့လည်း ကြေညာပါတယ်။

အီဂျစ်မှာ ဇူလိုင်လတုန်းက လူထုဆန္ဒပြပွဲတွေ ပြင်းထန်ချိန်မှာ ရွေးကောက်ခံ သမ္မတ မိုဟာမက်မော်စီကို စစ်တပ်က ရာထူးကနေ ဖယ်ရှာပြီးခဲ့တဲ့ အချိန်ကစလို့ စစ်သားတွေနဲ့ ရဲတွေကို တိုက်ခိုက်မှုတွေကို သိသိသာသာ မြင့်တက်နေပါတယ်။

စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြားဖြတ်အစိုးရက ကြေညာထားတဲ့ လမ်းပြမြေပုံအရ ဇန်န၀ါရီလလယ်မှာ ဖွဲ့စည်းပုံအသစ် ဆန္ဒခံယူပွဲ ကျင်းပပြီးရင် သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေလည်း ကျင်းပဖို့ ရှိပါတယ်။

အီဂျစ် နိုင်ငံရေးပါတီတွေ စုစည်းထားတဲ့ အာဏာသိမ်း ဆန့်ကျင်ရေးမဟာမိတ်အဖွဲ့က လူထုဆန္ဒခံယူပွဲကို သပိတ်မှောက်မယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ကြေညာခဲ့ပါတယ်။

သမ္မတဟောင်း မိုဟာမက်မော်စီကို ဖြုတ်ချခဲ့တဲ့နောက်ပိုင်း ဗုံးခွဲမှုတွေ အများစုဟာ အစ္စရေးနဲ့ ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသနဲ့ ဆက်နေတဲ့ ဆိုင်းနိုင်းကျွန်းဆွယ်ဒေသမှာ ဖြစ်ခဲ့ပါတယ်။

ဇူလိုင်လကစလို့ အခုအထိ ဆိုင်းနိုင်းမြို့မှာ စစ်သား ၂၀၀ ၀န်ကျင် တိုက်ခိုက်ခံရပြီး သေဆုံးသွားပါတယ်။

စက်တင်ဘာလတုန်းကည်း ပြည်ထဲရေးဝန်ကြီးကို ကိုင်ရိုမြို့က သူ့အိမ်အနားမှာ ကားဗုံးခွဲ လုပ်ကြံရာမှာ အသက်မသေဘဲ လွတ်မြောက်ခဲ့ပါတယ်။

တိုက်ခိုက်မှုတွေ ဖြစ်ရင် အီဂျစ်မီဒီယာတွေနဲ့ အစိုးရတာဝန်ရှိသူတွေက မွတ်စလင်ညီအကိုတော်များအဖွဲ့ကိုပဲ အပြစ်တင်လေ့ ရှိပါတယ်။

အီဂျစ်ဝန်ကြီးချုပ်ကလည်း မွတ်စလင်ညီအကိုတော်များအဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာခဲ့ပြီး မွတ်စလင်ညီအကိုတော်များအဖွဲ့က ခေါင်းဆောင်အများစုလည်း ဖမ်းဆီးခံရနဲ့ တရားစွဲခံရလို့ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

မွတ်စလင်ညီအကိုတော်များအဖွဲ့ဟာ အီဂျစ်မှာ သက်တမ်းအရှည်ကြာဆုံးနဲ့ စနစ်အကျဆုံး အစ္စလာမစ်အဖွဲ့အစည်း ဖြစ်ပြီး သမ္မတဟောင်း ဟိုစနီမူဘာရတ်အလွန် ကျင်းပတဲ့ ရွေးကောက်ပွဲ ၅ ခုစလုံးမှာ အနိုင်ရခဲ့ပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ