Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့တဲ့ လေယာဉ်ဗုံးခွဲမှု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

$
0
0

လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ရတဲ့ လေယာဉ်ဗုံးခွဲမှု ၂၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော် အပြင်နားက အာလင်တန် အမျိုးသား သုသာန်မှာ ကျင်းပတာ ဖြစ်ပါတယ်။

Arlinton1 သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးသားချင်းတွေ ရာနဲ့ချီပြီး အခမ်းအနားကို တက်ရောက်လာကြပြီး အမေရိကန်ရှေ့နေချုပ် အဲလစ်ဟိုးဒါက မိန့်ခွန်း ပြောပါတယ်။

၁၉၈၈ ခုနှစ်က ဖြစ်ခဲ့တဲ့ လေယာဉ်ဗုံးကွဲမှုနဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်း ဖော်ထုတ် သွားမယ်ဆိုတဲ့ အမေရိကန်အစိုးရ၊ ဗြိတိန်အစိုးရနဲ့ လစ်ဗျားအစိုးရတို့ရဲ့ ပူးတွဲကြေညာချက်ကို ဖတ်ကြားသွားခဲ့ပါတယ်။

လေယာဉ် ဗုံးခွဲမှုအတွင်း သေဆုံးသူ ခရီးသည် ၂၄၃ ယောက်ထဲမှာ အများစုဟာ ခရစ္စမတ်ကာလ ဥရောပကနေ နယူးယောက်ကို ပြန်ကြတဲ့ အမေရိကန်တွေ ဖြစ်ပါတယ်။

ပန်း အမ်း ဖလိုက် ၁၀၃ (Pan Am Flight 103) လေယာဉ်ဟာ လန်ဒန်ကနေ နယူးယောက်ကို ပျံသန်းနေစဉ် စကော့တလန်နိုင်ငံ လောကာဘီမြို့မှာ ပေါက်ကွဲပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ဗုံးကွဲမှုကြောင့် သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို လစ်ဗျား အာဏာရှင် မွမ်မာ ကဒါဖီက ၂၀၀၃ ခုနှစ်မှာ လျော်ကြေး ပေးခဲ့ပေမယ့် အဲဒီ တိုက်ခိုက်မှုကို သူ့ အမိန့်ပေးခဲ့ သလားဆိုတာကိုတော့ ၀န်မခံခဲ့ပါဘူး။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ