Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မြန်မာအသင်းက ရွှေ ၇၄ ခုဖြင့် ဒုတိယလိုက်နေ (မြန်မာစံတော်ချန် ၁၂ နာရီ)

$
0
0

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ရရှိမှုမှာ မြန်မာအသင်းက ရွှေ ၇၄၊ ငွေ ၅၆၊ ကြေး ၇၃ ခု စုစုပေါင်း ၂၀၃ ခုနဲ့ ဒုတိယ ရရှိနေပါတယ်။

seagamegold15122013ထိုင်းအသင်းက  ရွှေ ၉၅၊ ငွေ ၈၉၊ ကြေး ၇၄ ခု စုစုပေါင်း ၂၅၈ ခုနဲ့ ပထမရရှိနေပြီး ဗီယက်နမ်အသင်းက ရွှေ ၆၇၊ ငွေ ၇၄၊ ကြေး ၇၈ ခု စုစုပေါင်း ၂၁၉ ခုနဲ့ တတိယ လိုက်နေပါတယ်။

အင်ဒိုနီးရှားအသင်းကတော့ ရွှေ ၆၃၊ ငွေ ၇၄၊ ကြေး ၉၈ ခု စုစုပေါင်း ၂၃၅ ခုနဲ့ စတုတ္ထ ရရှိနေပါတယ်။

ဆီးဂိမ်းပြိုင်ပွဲကို ၁၉၅၉ ခုနှစ်ကတည်းက စတင်ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး အခုတကြိမ်နဲ့ဆို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တာ ၃ ကြိမ်ရှိနေပြီ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၁၁ ခုနှစ် ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာတော့ ထိုင်းအသင်းက ဆုတံဆိပ် စုစုပေါင်း ၂၆၆ ခုနဲ့ ဆုအများဆုံးရရှိခဲ့ပြီး မြန်မာကတော့ ဆုတံဆိပ် စုစုပေါင်း ၇၁ ခုနဲ့ နံပါတ် ၈ နေရာသာ ရရှိခဲ့ပါတယ်။


Viewing all articles

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...