Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မြန်မာ-အမေရိကန်ပူးပေါင်းပြီး မဟာဘွဲ့လွန်သင်တန်းဖွင့်မည်

$
0
0

ရန်ကုန်တက္ကသိုလ်နဲ့ အမေရိကန်ပြည်ထောင်စုက ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်တို့ဟာ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် မဟာဘွဲ့လွန်သင်တန်း ဖွင့်လှစ်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမယ့်ကိစ္စ ဒီဇင်ဘာ ၁၉ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။

Johns Hopkinsပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်နဲ့ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ အာရှရေးရာ ဒါရိုက်တာ ပရော်ဖက်ဆာ ဒေါက်တာ ကားလ်ဂျက်ဆန်တို့ ရန်ကုန် တက္ကသိုလ်နယ်မြေက International centre of Excellence ဌာနမှာ နှစ်နိုင်ငံ တက္ကသိုလ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ ဆွေးနွေးမှုတွေထဲမှာ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က ကျောင်းသားတွေ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှာ မြန်မာစာသင်တန်း တက်ရောက်ရေးနဲ့ ရန်ကုန်တက္ကသိုလ်မှာ အီလက်ထရွန်းနစ် စာကြည့်တိုက် (e-library) ဖွင့်လှစ်ရေးကိစ္စတွေလည်း ပါဝင်တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ရန်ကုန်ဆေး တက္ကသိုလ်က လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနရဲ့ အမှုထမ်းတွေကို သင်တန်းပေးဖို့နဲ့ မြန်မာ ဆေးသိပံ္ပဌာနနဲ့ ဆေးနည်းပညာဆိုင်ရာကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပါသေးတယ်။

ဒီ သဘောတူညီချက်တွေထဲမှာတော့ ပညာသင်ကြားမှုစနစ်နဲ့ စွမ်းအင်မြှင့်တင်ရေး အစီအစဉ်တွေဆောင်ရွက်ပေးဖို့ ပါဝင်ပါတယ်။

အလားတူ အမေရိကန် တက္ကသိုလ်တခုဖြစ်တဲ့ ယူအက်စ် ဘက်တ် လစ်ဘရယ် ၀ိဇ္ဇာ ကောလိပ် (U.S Bart Liberal Art College) လည်း မြန်မာကျောင်းသားတွေအတွက် ၄ နှစ် ဒီဂရီ သင်တန်းတခု ဖွင့်လှစ်ဖို့ မြန်မာနဲ့ သဘောတူညီမှု ရှိထားပါတယ်။


Viewing all articles