Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မူးယစ်ဆေးဝါးမှုဖြင့် ၃ နှစ်အတွင်း လူ ၁ သောင်းခွဲခန့်ကို ဖမ်းဆီး

$
0
0

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး နှိမ်နင်းရေးအစီအစဉ်အရ လူ ၁ သောင်းခွဲလောက်ကို မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အမှုတွေနဲ့ ၃ နှစ်အတွင်း ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။

994162_557761240929047_1990344050_nဘိန်းစိုက်ပျိုးတာကို နှိမ်နင်းပေမယ့်လည်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုတိုးလာသလို ထုတ်လုပ်မှုကလည်း ၁၀ နှစ်ကျော်ကာလအတွင်း အမြင့်ဆုံး တက်ခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (ယူအန်အိုဒီစီ) က ထုတ်ပြန်လိုက်ပြီးတဲ့နောက် မေးမြန်းရာမှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူ ရဲမှူးချုပ် ၀င်းခေါင်က ပြောသွားတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးအမှုတွေနဲ့ ပတ်သက်ရင်လည်း ၂၀၁၁ ခုနှစ်မှာ အမှုပေါင်း ၁၈၂၇ မှုနဲ့ တရားခံ ကျား ၂၃၀၃ ဦးနဲ့ မ ၄၈၀ ဦး၊ ၂၀၁၂ ခုနှစ်မှာ အမှုပေါင်း ၃၉၂၅ မှုနဲ့ တရားခံ ကျား ၄၈၃၉ ဦးနဲ့ မ ၉၀၁ ဦး၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအထိ အမှုပေါင်း ၄၄၄၈ မှုနဲ့ တရားခံ ကျား ၅၃၅၈ ဦးနဲ့ မ ၁၀၄၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

၁ နှစ်ထက် ၁ နှစ် မူးယစ်ဆေးဝါးအမှု အရေအတွက်နဲ့ ဖမ်းဆီအရေးယူခံရသူ အရေ အတွက်ပါ ဆက်တိုက်တိုးပွာလာတာ ဖြစ်ပြီး ၃ နှစ်တာကာလအတွင်း ဖမ်းဆီးခံရသူ အရေအတွက် စုစုပေါင်း ကျားနဲ့ မ ၁၄၉၂၇ ဦးထိ ရှိပြီ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့အရေအတွက် တက်လာသလို ပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစား ဆောင်ရွက်နေတယ်လို့ ရဲမှူးချုပ် ၀င်းခေါင်က ဒီဗွီဘီကို ပြောပါတယ်။

“မူးယစ်ဆေးဝါးဆိုတဲ့ဟာက အရင်တုန်းကလို ဘိန်းဖြူလိုဟာမျိုးအပြင် စိတ်ကြွရူးသွပ် ဆေးပြားတွေကလည်း လွယ်လွယ်ကူကူ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အခြေအနေမျိုးတွေရှိတဲ့ အတွက်ကြောင့် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုတွေက အရေအတွက် တက်လာသော်ငြားလည်း ပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့ မနည်းကို ကြိုးစားဆောင်ရွက်နေတာပဲဖြစ်ပါတယ်။”

၂၀၁၀-၁၁ ခုနှစ်မှာ ဟက်တာ ၇၀၅၇ ဒဿမ ၉၇၊ ၂၀၁၁-၁၂ ခုနှစ်မှာတော့ ၂၃၇၇၁ ဒဿမ ၂၂၊ ၂၀၁၂-၁၃ ခုနှစ်မှာတော့ ၁၂၂၅၇ ဒဿမ ၄၆၊ ၂၀၁၃ နိုဝင်ဘာလအထိ ၆၁၅၉ ဒဿမ ၇၄ ဟက်တာ ဖျက်ဆီးခဲ့တယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (ယူအန်အိုဒီစီ) ကတော့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၃ ခုနှစ်မှာ ၁၃ ရာခိုင်နှုန်း တိုးလာပြီး ဘိန်းထုတ်လုပ်မှုဟာလည်း ၂၆ ရာခိုင်နှုန်း၊ တန်ချိန် ၈၇၀ လောက် ပိုထွက်ခဲ့တယ်လို့ မနေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။။

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာမှာ ဘိန်း ဒုတိယအများဆုံး စိုက်ပျိုး ထုတ်လုပ်တဲ့ နိုင်ငံအဖြစ် ကုလသမဂ္ဂရဲ့ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။


Viewing all articles