Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

တိုင်း​ရင်း​သား​များ ​တန်း​တူ​အ​ကျိုး​ရှိ​မည့် ​ရင်း​နှီး​မြှုပ်​နှံ​မှု ​ဖြစ်​ရန်​လို​ဟု ​ဒေါ်​စု​ပြော

$
0
0

ရင်း​နှီး​မြှုပ်​နှံ​မှု​တွေ​ဟာ ​မြန်​မာ​ပြည်​ရဲ့ ​တိုင်း​ရင်း​သား​အား​လုံး​အ​တွက် ​တန်း​တူ ​အ​ကျိုး​အ​မြတ် ​ရ​စေ​မ​ယ့် ​ရင်း​နှီး​မြှုပ်​နှံ​မှု​ဖြစ်​ဖို့ ​လို​တယ်​လို့​  ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ဆို​လိုက်​ပါ​တယ်။

assk​တိုင်း​ရင်း​သား​ပေါင်း​စုံ ​နေ​ထိုင်​တဲ့​   ​မြန်​မာ​နိုင်​ငံ​မှာ ​အ​ကျိုး​အ​မြတ် ​တန်း​တူ​ရ​တဲ့ ​ရင်း​နှီး​မြှုပ်​နှံ​မှု​ဖြစ်​ဖို့ ​လို​တယ်​လို့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ရဲ့ ​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ဒီ​ဇင်​ဘာ ၆ ​ရက်​နေ့ ​ရန်​ကုန် ​ချက်​ထ​ရီ​ယမ်​ဟို​တယ်​မှာ ​ပြု​လုပ်​တဲ့ ​သ​တင်း​စာ​ရှင်း​လင်း​ပွဲ​မှာ ​ပြော​လိုက်​တာ ​ဖြစ်​ပါ​တယ်။

“​မြန်​မာ​ပြည်​မှာ ​တိုင်း​ရင်း​သား​ပေါင်း​စုံ ​နေ​ထိုင်​ပြီး ​မ​တူ​ညီ​တဲ့ ​တိုင်း​ရင်း​သား​ဒေ​သ​တွေ ​အ​များ​ကြီး​ရှိ​တယ်​ဆို​တာ ​စီး​ပွား​ရေး​သ​မား​တွေ​ကို ​အ​မြဲ ​အ​သိ​ပေး​ပါ​တယ်။  ​ပြီး​တော့​  ​အ​နာ​ဂတ်​ကို ​ကြည်ြ့​ပီး ​အား​လုံး​အ​တွက် ​မျှ​မျှ​တ​တ ​ဖွံ့​ဖြိုး​တိုး​တက်​စေ​မယ့် ​ရင်း​နှီး​မြှုပ်​နံ​မှု​တွေ ​ဖြစ်​ဖို့ ​လို​တယ်။ ​စီး​ပွား​ရေး​သ​မား​တွေ​ဘက်​က​တော့ ​သူ​တို့​အ​ကျိုး​အ​တွက်​ပဲ ​စ​ဉ်း​စား​မယ်​ဆို​တာ ​သေ​ချာ​တယ်။ ​ဒါ​ပေ​မယ့် ​လွန်​ခဲ့​တဲ့ ​အ​နှစ် ၂၀ ​ခန့်​က ​အ​တွေး​မျိုး​ကို​ပဲ ​အာ​ရုံ​မ​စိုက်​ဖို့ ​ရင်း​နှီး​မြုပ်​နှံ​သူ​တွေ​ကို ​တိုက်​တွန်း​ချင်​ပါ​တယ်” ​လို့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ပါ​တယ်။

ဒါ့​အ​ပြင် ​ရင်း​နှီး​မြှုပ်​နှံ​မှု​နဲ့ ​ပတ်​သက်​ပြီး ​သ​ဘာ​ဝ​ပတ်​ဝန်း​ကျင်၊ ​နိုင်​ငံ​ရေး​၊ ​စီး​ပွား​ရေး​နဲ့ ​လူ​မှု​ရေး​တွေ​အ​ပေါ် ​တာ​ဝန်​ဝ​တ္တ​ရား​ရှိ​တဲ့​  ​ရင်း​နှီး​မြှုပ်​နှံ​မှု​မျိုး ​ဖြစ်​လို​ကြောင်း​လည်း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ပါ​တယ်။

သ​မ္မ​တ​ဦး​သိန်း​စိန်​က​လည်း ​ပြီး​ခဲ့​တဲ့ ​ဇူ​လိုင်​လ​တုန်း​က ​သူ​ရဲ့ ​ဥ​ရော​ပ​ခ​ရီး​စ​ဉ်​မှာ  ​ဥ​ရော​ပ ​ကု​မ္ပ​ဏီ​တွေ ​မြန်​မာ​ကို ​လာ​ရောက် ​ရင်း​နှီး​မြှုပ်​နှံ​ကြ​ဖို့ ​ဖိတ်​ခေါ်​တာ​တွေ ​ရှိ​ခဲ့​သ​လို ​နိုင်​ငံ​ခြား​ရေး ၀န်​ကြီး ​ဦး​၀​ဏ္ဏ​မောင်​လွင်​က​လည်း ​မြန်​မာ​နိုင်​ငံ​မှာ ​နိုင်​ငံ​ခြား ​ရင်း​နှီး​မြှုပ်​နှံ​မှု​တွေ ​လာ​ကြ​ဖို့ ​စက်​တင်​ဘာ ၂၆ ​ရက်​နေ့​က ​ကျင်း​ပ​ခဲ့​တဲ့ Asia Society ​ဆွေး​နွေး​ပွဲ​မှာ ​ဖိတ်​ခေါ်​ခဲ့​ဘူး​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​မှာ ​တ​ရား​ဥ​ပ​ဒေ ​စိုး​မိုး​မှု ​မ​ရှိ​တဲ့​အ​ပေါ်​မှာ​လည်း ​လာ​ရောက် ​ရင်း​နှီး​မြှုပ်​နှံ​သူ​တွေ​အ​တွက် ​စိုး​ရိမ်​မှု​တွေ ​ရှိ​နေ​ပါ​တယ်။ ​နိုင်​ငံ​ခြား ​ရင်း​နှီး​မြှုပ်​နှံ​မှု​ဥ​ပ​ဒေ​ကို ၂၀၁၂ ​ခု​နှစ် ​နိုဝင်​ဘာ၂ ​ရက်​နေ့​က  ​ပြည်​ထောင်​စု​လွှတ်​တော်​က ​ပြ​ဋ္ဌာန်း​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

၂၀၁၃ ​ဧ​ပြီ​လ​က​နေ ​ဩ​ဂုတ်​လ​ကုန်​အ​ထိ ၅ ​လ​အ​တွင်း ​နိုင်​ငံ​ခြား​ရင်း​နှီး​မြှုပ်​နှံ​မှု​အ​သစ်  ​အ​မေ​ရိ​ကန်​ဒေါ်​လာ ၁၈ ​ဘီ​လီ​ယံ ​ရှိ​ခဲ့​တာ​ကြော​င့် ​အ​ရင်​နှစ်​က​ထက်​တော့ ​ဒေါ်​လာ ​သန်း ၄၀၀  ​ပိုဝင်​ရောက်​ခဲ့​ပါ​တယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)