Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မြစ်​ဆုံ​စီ​မံ​ကိန်း ​ပြန်​စ​နိုင်​ဟု ​လွှတ်​တော်​ကော်​မ​တီ​ဥ​က္က​ဋ္ဌ​ပြော

$
0
0

လာ​မယ့်​  ၂၀၁၅ ​မှာ ​တက်​လာ​မယ့် ​သ​မ္မ​တ ​လက်​ထက်​ကျ​ရင် ​ရပ်​နား​ထား​တဲ့​  ​မြစ်​ဆုံ​စီ​မံ​ကိန်း​ကို ​နည်း​လမ်း​ရှာ​ပြီး ​ပြန်​လုပ်​လို့​ရ​ကြောင်း ​ပြည်​သူ့​လွှတ်​တော် ​သ​ယံ​ဇာ​တ​နဲ့ ​ပတ်ဝန်း​ကျင် ​ထိန်း​သိမ်း​ရေး​ကော်​မ​တီ​ဥ​က္က​ဋ္ဌ​က ​တ​ရုတ်​အ​စိုး​ရ ​ကိုယ်​စား​လှယ်​အ​ဖွဲ့ ​တ​ဖွဲ့​ကို ​ပြော​ကြား​လိုက်​ပါ​တယ်။

Myint Sone 1​ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ​လ​ထဲ ​တ​ရုတ်​ပြည်​သူ့ ​သ​မ္မ​တ​နိုင်​ငံ ​သ​ဘာဝ​ပတ်ဝန်း​ကျင်​နဲ့ ​သ​ယံ​ဇာ​တ ​ထိန်း​သိမ်း​ရေး​ကော်​မ​တီ​အ​ဖွဲ့​၀င်​တွေ ​နေ​ပြည်​တော်​လွှတ်​တော်​ရေး​ရာ ​ကော်​မ​တီ​ရုံး​ခန်း​ကို ​လာ​ရောက်​စ​ဉ် ​ပြော​လိုက်​တာ​လို့ ​တွေ့​ဆုံ​ပွဲ​တက်​ရောက်​ရာ​မှာ ​ပါဝင်​သူ​တ​ဦး​ဖြစ်​တဲ့ ​ဥ​တ္တ​ရ​သီ​ရိ​မြို့​နယ် ​ပြည်​သူ့​လွှတ်​တော်​အ​မတ် ​ဦး​မင်း​သူ​က ​ပြော​ပါ​တယ်။

“​ယ​ခု ​သ​မ္မ​တ​က ​ရပ်​ဆိုင်း​ထား​တယ်။ ​သ​မ္မ​တ  ​သက်​တမ်း​ပြီး​တာ​နဲ့ ​နောင် ၂၀၁၅ ​တက်​လာ​မယ့် ​သ​မ္မ​တ​နဲ့ ​ညှိ​နှိုင်း​တိုင်​ပင် ​နည်း​လမ်း​ရှာ​ပြီး​ရင် ​ပြန်​လည် ​ဆောင်​ရွက်​လို့​ရ​တယ်​လို့ ​ပြော​လိုက်​တာ​ပါ။ ​ပွင့်​ပွင့်​လင်း​လင်း​ပြော​ရ​ရင် ​ကော်​မ​တီ​ရဲ့ ​သ​ဘော​ထား​လည်း ​မ​ဟုတ်​ဘူး​ဗျ။ ​ကော်​မ​တီ​အ​ဖွဲ့​၀င်​တွေ​ကို​လည်း ​ကြို​ပြီး​ဆွေး​နွေး​ထား​တာ​လည်း ​မ​ရှိ​ဘူး​ဗျ။ ”

တ​ရုတ်​ဘက်​က ​မြစ်​ဆုံ​ကိ​စ္စ ​ဆွေး​နွေး​ပြော​ဆို​တာ​မ​ရှိ​ဘဲ  ​ကော်​မ​တီ​ဥ​က္က​ဋ္ဌ ​ဦး​လွန်း​သီ​က ​ပြော​တာ​လို့ ​ဆို​ပါ​တယ်။

တ​ရုတ်​ကိုယ်​စား​လှယ်​အ​ဖွဲ့​နဲ့​  ​တွေ့​ဆုံ​ပွဲ​ကို  ​မြန်​မာ​ဘက်​က ​ပြည်​သူ့​လွှတ်​တော်​သ​ယံ​ဇာ​တ ​ကော်​မ​တီ​ဥ​က္က​ဋ္ဌ ​ဦး​လွန်း​သီ​နဲ့ ​ကော်​မ​တီ​အ​ဖွဲ့​၀င်​တွေ​ဖြစ်​တဲ့ ​ဦး​မင်း​သူ၊ ​ဦး​သိန်း​ရီ၊ ​ဦး​သန်း​နွယ်၊ ​ဦး​စိုင်း​ထွန်း​အေး​နဲ့ ​ဦး​ရဲ​ထွဋ်​ဦး​တို့ ​တက်​ရောက်​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။

က​ချင်​ပြည်​နယ် ​မြစ်​ဆုံ​မှာ ​ရေ​ကာ​တွေ​တည်​ဆောင်​ပြီး ​ရေ​အား​လျှပ်​စစ် ​ထုတ်​ယူ​မယ့် ​စီ​မံ​ကိန်း​ကို ​ပြည်​သူ​တွေ​နဲ့ ​ပ​ညာ​ရှင်​တွေ​က ၀ိုင်း​၀န်း​ကန့်​ကွက်​ခဲ့​ကြ​တဲ့​အ​တွက် ​သ​မ္မ​တ ​ဦး​သိန်း​စိန်​က ​သူ့​အ​စိုး​ရ​လက်​ထက် ​စီ​မံ​ကိန်း​ကို ​ရပ်​ဆိုင်​ထား​မယ့်​အ​ကြောင်း​  ၂၀၁၁ ​ခု​နှစ်​က​တည်း​က ​လွှတ်​တော်​ထံ ​သ၀ဏ်​လွှာ​ပေး​ပို့ ​အ​ကြောင်း​ကြား​ခဲ့​ပါ​တယ်။


Viewing all articles