Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မှန်​ကုန်​တဲ့ ​နိုင်​ငံ​ရေး ​နည်း​လမ်း​တွေ​နဲ့ ​ညှိ​နှိုင်း​ဖို့ ​သ​န္နိ​ဋ္ဌာန် ​ချ​ထား​ကြောင်း ​သ​မ္မ​တ ​ပြော

$
0
0

အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး​ကို ​ဆောင်​ရွက်​တဲ့​နေ​ရာ​မှာ ​ဒီ​မို​က​ရေ​စီ​အ​ရေး​ကို ​နှောင့်​နှေး​စေ​တဲ့ ​အ​စွန်း​နဲ့ ​မြန်​ဆန်း​လွန်း​တဲ့ ​အ​စွန်း​နှစ်​ပါး​ကိုေ​ရှာင်​ရှား​ပြီး ​လက်​တွေ့ ​နိုင်​ငံ​ရေး ​အ​ခြေ​အ​နေ​ကို ​ထင်​ဟပ်​တဲ့ ​စ​ဉ်း​စား​တွေး​ခေါ်​မှု​တွေ​နဲ့ ​လုပ်​ဆောင်​သင့်​တယ်​လို့ ​သ​မ္မ​တ ​ဦး​သိန်း​စိန်​က ​ပြော​ကြား​လိုက်​ပါ​တယ်။

thein sein​သ​မ္မ​တ​အ​နေ​နဲ့ ​ဒီ​ဇင်​ဘာ​လ​အ​တွက် ​ပြည်​သူ​လူ​ထု​ကု ​ရေ​ဒီ​ယို​က​နေ ​ပြော​တဲ့ ​မိန့်​ခွန်း​မှာ ​ထည့်​သွင်း ​ပြော​ဆို​သွား​တာ​ပါ။ ​ဒါ့​အ​ပြင် ​ဖွဲ့​စည်း​ပုံ ​ပြင်​ဆင်​ရေး​အ​တွက် ​လုပ်​ဆောင်​တဲ့​နေ​ရာ​မှာ ​လက်​ရှိ ​နိုင်​ငံ​ရေး ​အ​ပြောင်း​အ​လဲ​နဲ့​  ​အ​သွင် ​ကူး​ပြောင်း​ရေး ​လုပ်​ငန်း​စ​ဉ်​တွေ​ကို ​အား​ဖြည့်​ရာ ​ရောက်​စေ​မယ့် ​ချ​ဉ်း​ကပ်​မှု​မျိုး ​ရှိ​ဖို့​လို ​တယ်​လို့ ​ပြော​ပါ​တယ်။

ငြိမ်း​ချမ်း​ရေး​အ​တွက် ​ဆွေး​နွေး​တဲ့​အ​ခါ​မှာ ​တိုင်း​ရင်း​သား ​တွေ​ရဲ့ ​လို​လား​ချက်​တွေ​ကို ​မှန်​ကုန်​တဲ့ ​နိုင်​ငံ​ရေး ​နည်း​လမ်း​တွေ​နဲ့​  ​ညှိ​နှိုင်း​ဖို့​  ​အ​ခိုင်​အ​မာ ​သ​န္နိ​ဋ္ဌာန် ​ချ​ထား​တယ်​လို့​  ​ဆို​ပါ​တယ်။

လာ​မယ့် ​ဘား​အံ ​ညီ​လာ​ခံ​မှာ ​အ​စွန်း​တ​ရား​ကိုေ​ရှာင်​နိုင်​တဲ့ ​ဆွေး​နွေး​ညှိ​နှိုင်း​မှု​တွေ​က​နေ ​ရ​လဒ်​ကောင်း​တွေ​ရ​ပြီး ​ငြိမ်း​ချမ်း​ရေး ​တည်​ဆောက်​မှု ​လုပ်​ငန်း​တွေ ​အ​ဆင့်​လိုက် ​တိုး​မြှင့် ​လုပ်​ဆောင်​သွား​ဖို့​မျှော်​လင့်​ကြောင်း ​သ​မ္မ​တ​က ​ပြော​ဆို​သွား​ပါ​တယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ