Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ငြိမ်း​ချမ်း​ရေး​လှုပ်​ရှား​သူ​တွေ ​ပြစ်​ဒဏ်​ချ​မှတ်​ခံ​ရ

$
0
0

ပြီး​ခဲ့​တဲ့​နှစ် ​အ​ပြည်​ပြည်​ဆိုင်​ရာ ​ငြိမ်း​ချမ်း​ရေး​နေ့​က ​က​ချင်​ဒေ​သ ​ငြိမ်း​ချမ်း​ရေး​အ​တွက် ​ငြိမ်း​ချမ်း​စွာ ​စီ​တန်း ​လမ်း​လျောက် ​ဆ​န္ဒ​ပြ​ခဲ့​တဲ့ ​က​ချင်​ငြိမ်း​ချမ်း​ရေး ​ကွန်​ရက်​က ​ဒေါ်​မေ​စ​ပယ်​ဖြူ (​ခ ​ခေါန်​ထွဲ​နဲ့ ​မ​ရန်​ဂျော်​ဂွန်း​တို့​ကို ​ရန်​ကုန် ​အ​နောက်​ပိုင်း​ခ​ရိုင်​မှာ​ရှိ​တဲ့ ​တ​ရား​ရုံး​တွေ​က ​ပြစ်​ဒဏ်​တွေ ​စီ​ရင်​ချက်​ချ​မှတ်​လိုက်​ပါ ​တယ်။

က​ချင်​ငြိမ်း​ချမ်း​ရေး ​ကွန်​ရက်​က ​ဒေါ်​မေ​စ​ပယ်​ဖြူ (​ခ ​ခေါန်​ထွဲ​နဲ့ ​မ​ရန်​ဂျော်​ဂွန်း

က​ချင်​ငြိမ်း​ချမ်း​ရေး ​ကွန်​ရက်​က ​ဒေါ်​မေ​စ​ပယ်​ဖြူ (​ခ ​ခေါန်​ထွဲ​နဲ့ ​မ​ရန်​ဂျော်​ဂွန်း

ခွင့်​ပြု​ချက်​မ​ရှိ​ဘဲ ​ဆ​န္ဒ​ပြ​မှု​နဲ့ ​စမ်း​ချောင်း​မြို့​နယ်​နဲ့ ​ဒ​ဂုံ​မြို့​နယ်​တို့​က ​စွဲ​ဆို​ထား​ချက်​တွေ ​အ​တွက် ​ထောင်​ဒဏ် ၁ ​လ ​ဒါ​မှ​မ​ဟုတ်​ရင် ​ဒဏ်​ငွေ ၁ ​သောင်း ​ပြစ်​ဒဏ်​ကိုေ​ရွး​ချယ် ​ကျ​ခံ​ခွင့်​ပြု​လိုက်​တာ ​ဖြစ်​တယ်​လို့ ​ဒေါ်​မေ​စ​ပယ်​ဖြူ​က ​ပြော​ပါ​တယ်။

ဒေါ်​မ​စ​ပယ်​ဖြူ (​ခ ​ခေါန်​ထွဲ​နဲ့ ​မ​ရန်​ဂျော်​ဂွန်း​တို့​ဟာ ၂၀၁၂ ​ခု​နှစ် ​စက်​တင်​ဘာ ၂၁ ​ရက်​နေ့
က ​ပြည်​တွင်း​ငြိမ်း​ချမ်း​ရေး​အ​တွက် ​ရည်​ရွယ် ​လမ်း​လျှောက် ​ဆ​န္ဒ​ပြ​ရာ​မှာ ​ပူး​ပေါင်း ​ပါဝင်​ကြ​တဲ့ ​အ​တွက် ​ရန်​ကုန်​တိုင်း ၆ ​မြို့​နယ်​က ​တ​ရား​စွဲ​ဆို​ခဲ့​တာ ​ဖြစ်​ပြီး ​စမ်း​ချောင်း​မြို့​နယ်​နဲ့ ​ဒ​ဂုံ ​မြို့​နယ်​တို့​က ​စွဲ​ဆို​ထား​တဲ့​အ​ပေါ် ​အ​ရင်​ဆုံး ​ပြစ်​ဒဏ် ​စီ​ရင်​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

တ​ရား​စွဲ​ဆို ​ပြစ်​ဒဏ်​ချ​မှတ်​ခံ​ရ​သူ​တွေ​က​တော့ေ​ရှ့​နေ​တွေ​ရဲ့ ​အ​ကြံ​ပြု​ချက်​အ​ရ ​ဒဏ်​ငွေ​ကိုေ​ရွး​ချယ်​လိုက်​ပေ​မယ့် ​ဒဏ်​ငွေ​ဆောင်​တာ​ဟာ ​အ​ပြစ်​ရှိ​တယ်​လို့ ၀န်​ခံ​တာ ​မ​ဟုတ်​ဘူး​လို့ ​ဒေါ်​မေ​စ​ပယ်​ဖြူ​က ​ပြော​ပါ​တယ်။

“​တ​ကယ်​တော့ ​ပုဒ်​မ ၁၈ ​က ​လုံး​၀​ကို ​မ​ရှိ​သင့်​တဲ့ ​မ​ဖြစ်​သင့်​တဲ့ ​ပုဒ်​မ​ပါ၊ ​ရှိ​ကို ​မ​ရှိ​သင့်​ပါ​ဘူး ​ကျ​မ​အ​မြင်​က​တော့​နော်။ ​အဲ​ဒီ​တော့ ​တ​ရား​သူ​ကြီး​က ​ကျ​မ​တို့​ကို ​ငြိမ်း​ချမ်း​ရေး​လုပ်​တယ်​ဆို​ပြီး ​သက်​ညှာ​စွာ ​စ​ဉ်း​စား​ပေး​လိုက်​တယ်​ဆို​တဲ့ ​ဆုံး​ဖြတ်​ချက်​ကို​လည်း ​ကျ​မ​က ​မ​ကြိုက်​ပါ​ဘူး​၊ ​ဘာ​လို​လဲ​ဆို​တော့ ​ဥ​ပ​ဒေ ​ကိုယ်​တိုင်​က ​လို​အပ်​ချက် ​ရှိ​နေ​လို့​ပါ၊ ​သူ​တို​ရဲ့ ​သက်​ညှာ​ခြင်း ​မ​သက်​ညှာ​ခြင်း​နဲ့ ​မ​ဆိုင်​ပါ​ဘူး​၊ ​ဒီ​ဥ​ပ​ဒေ​က ​လို​အပ်​ချက်​ရှိ​နေ​တာ ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​နဲ့ ​မ​ကိုက်​ညီ​တာ။ ​အဲ​ဒီ​တော့ ​အ​ပွင့်​လင်း​ဆုံး​ပြော​ရ​ရင် ​အ​ပြစ်​မ​ရှိ​တဲ့​သူ​တွေ​ကို ​တ​ရား​စီ​ရင်​တဲ့ ​ပြစ်​ဒဏ်​ချ​တဲ့ ​ဥ​ပ​ဒေ​မျိုး ​ဖြစ်​နေ​တဲ့​အ​တွက်​ကြောင့် ​ကျ​မ​တို့​ကို ​ငွေ​ဒဏ်​ဘဲ ​ချ​မှတ်​လိုက်​တယ်၊ ​ကျ​မ​တို့​ကို ​လျော့​ပေါ့​စွာ ​ချ​မှတ်​တာ​ပဲ​ဆို​ပေ​မယ့် ​ဒီ​ဆုံး​ဖြတ်​ချက်​ကို ​အ​မှန်​အ​တိုင်း ​ပြော​ရ​ရင် ​လုံး​၀ ​မ​ကျေ​နပ်​ဘူး​။”

ပြစ်​ဒဏ်​အ​တွက် ​စမ်း​ချောင်း​မြို့​နယ်​နဲ့ ​ဒ​ဂုံ​မြို့​နယ်​တ​ရား​ရုံး​တွေ​က ​သီး​ခြား​စီ ​ပြစ်​ဒဏ် ​ချ​မှတ်​လိုက်​တဲ့​အ​တွက် ​တ​ရား​ရုံး​တ​ခု​ကို ​ဒဏ်​ငွေ ၁ ​သောင်း ​စု​စု​ပေါင်း ​တ​ဦး​လျှင် ​ဒဏ်​ငွေ ၂ ​သောင်း ​ပေး​ဆောင်​ရ​မှာ ​ဖြစ်​ပါ​တယ်။

ငြိမ်း​ချမ်း​ရေး​လှုပ်​ရှား​သူ​တွေ​ဟာ ​ကျန်​နေ​တဲ့ ​ဗိုလ်​တ​ထောင်၊ ​မ​င်္ဂ​လာ​တောင်​ညွန့်​၊ ​ပု​ဇွန်​တောင်​နဲ့ ​တာ​မွေ​မြို့​နယ် ၄ ​မြို့​နယ်​က ​စွဲ​ဆို​ချက်​အ​တွက် ​လည်း ​တ​ရား​စီ​ရင်​ချက် ​ချ​မှတ်​တာ​ကို​လည်း ​ဆက်​လက် ​ရင်​ဆိုင်​ရ​အုံး​မှာ ​ဖြစ်​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​ရက်​ပိုင်း​က​လည်း ​လက်​ပံ​တောင်း​တောင်​မှာ ​သံ​ဃာ​တော်​တွေ​ကို ​အ​ကြမ်း​ဖက် ​နှိမ်​နှင်း​ခဲ့​တဲ့​အ​ပေါ် ​ကန့်​ကွက်​ဆ​န္ဒ​ပြ​တဲ့ ​တက်​ကြွ​လှုပ်​ရှား​သူ ၆ ​ဦး​ကို ​စမ်း​ချောင်း​၊ ​အ​လုံ​နဲ့ ​ကြည့်​မြင်​တိုင်​တ​ရား​ရုံး ​က ​ထောင်​ဒဏ် ၁ ​လ ​အ​သီး​သီး ​ချ​မှတ်​ခဲ့​ပါ​တယ်။


Viewing all articles