Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဒေါ်​အောင်​ဆန်း​စု​ကြည်၊ ​အ​စိုး​ရ၊ ​လွှတ်​တော်​နဲ့ ​တပ်​မ​တော်​တို့ ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး ​ချော​မွေ့​ဖို့ ​ဆွေး​နွေး​ရန် ​အ​ဖွဲ့​ချုပ်​ဗ​ဟို​အ​လုပ်​အ​မှု​ဆောင်​အ​စည်း​အဝေး​က ​ဆုံး​ဖြတ်

$
0
0

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ရဲ့ ​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်၊ ​အ​စိုး​ရ၊ ​လွှတ်​တော်​နဲ့ ​တပ်​မ​တော်​တို့ ​ဖွဲ့​စည်း​ပုံ ​ပြင်​တဲ့​နေ​ရာ​မှာ ​အ​ဆင်​ပြေ​ချော​မွေ့​ရေး ​ဆွေး​နွေး​ကြ​ဖို့ ​အ​ဖွဲ့​ချုပ် ​ဗ​ဟို​အ​လုပ်​အ​မှု​ဆောင်​အ​ဖွဲ့ ​အ​စည်း​အဝေး​က ​ဆုံး​ဖြတ်​လိုက်​ပါ​တယ်။

နေ​ပြည်​တော်​တွင် ​နိုဝင်​ဘာ​လ ၁၈ ​ရက်​နေ့​က ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး​အ​တွက် ​ပြည်​သူ့​ဆ​န္ဒ​ကောက်​ယူ​နေ​စ​ဉ်

နေ​ပြည်​တော်​တွင် ​နိုဝင်​ဘာ​လ ၁၈ ​ရက်​နေ့​က ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး​အ​တွက် ​ပြည်​သူ့​ဆ​န္ဒ​ကောက်​ယူ​နေ​စ​ဉ်

နိုဝင်​ဘာ ၂၃​ရက် ​ဒီ​နေ့​မှာ ​ကျင်း​ပ ​ပြု​လုပ်​တဲ့ ​အ​ဖွဲ့​ချုပ် ​ဗ​ဟို​အ​လုပ်​အ​မှု​ဆောင်​အ​စည်း​ဝေး​က ​ဆုံး​ဖြတ်​လိုက်​တာ ​ဖြစ်​တယ်​လို့ ​ဗ​ဟို​အ​လုပ်​အ​မှု​ဆောင် ​ဦး​၀င်း​မြင့်​က ​ပြော​ပါ​တယ်။

“​ကျ​နော်​တို့​အ​ဖွဲ့​ချုပ် ​ဥ​က္က​ဋ္ဌ​က​နေ​ပြီး​တော့ ​သ​မ္မ​တ​ဆီ ​စာ​ရေး​ဖို့ ​ဆုံး​ဖြတ်​လိုက်​တာ​ဗျ။ ​သ​မ္မ​တ​ရယ် ​လွှတ်​တော်​ရယ် ​တပ်​မ​တော်​ရယ် ​ကျ​နော်​တို့ ​ဥ​က္က​ဌ​ရယ်  ​တွေ့​ပြီး ​ဆွေး​နွေး​လို့​ရ​အောင် ​စာ​ရေး​ဖို့ ​ဆုံး​ဖြတ်​တာ​ဗျ။ ​တောင်း​ဆို​တယ်​ဆို​တာ​လည်း ​ကျ​နော်​တို့ ​က ​မေ​တ္တာ​ရပ်​ခံ​စာ​ပေါ့​ဗျာ။ ​ကျ​နော်​တို့ ​ဆုံး​ဖြတ်​ချက်​က ​မေ​တ္တာ​ရပ်​ခံ​စာ​ရေး​တာ​ပါ။ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​ဆို​တာ ​နိုင်​ငံ​သူ​နိုင်​ငံ​သား​တွေ​အ​တွက် ​အ​သက်​တ​မျှ ​အ​ရေး​ကြီး ​တာ​ပဲ​လေ။ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ ​ဥ​ပ​ဒေ ​ပြု​ပြင်​ပြောင်း​လဲ​ရေး ​ကိ​စ္စ​မှာ ​ကျ​နော်​တို့​က ​တ​ရား​ဥ​ပ​ဒေ​စို​မိုး​ရေး​နဲ့ ​ရပ်​ရွာ ​အေး​ချမ်း​သာ​ယာ​ရေး​အ​တွက် ​တာဝန်​ရှိ​သူ ​အား​လုံး​က ​ပူး​ပေါင်း​ဆောင်​ရွက်​ကြ​ဖို့ ​ကျ​နော်​တို့ ​ဒါ​ကို ​ထုတ်​တာ​ပါ။ ”

ပြည်​ပ​အ​ခြေ​စိုက် ​အ​လွတ်​တန်း​သ​တင်း​စာ​ဆ​ရာ ​ဦး​ဇင်​လင်း​က ​အ​ခု​အ​ချိန်​မှာ ​ကိုယ်​ကျိုး​တွေေ​ရှ့​တန်း​မ​တင်​ဘဲ ​ဖွဲ့​စည်း​ပုံ​ပြင်​ဖို့ ​ဆွေး​နွေး​သင့်​ပြီ​လို့ ​မှတ်​ချက်​ပေး ​ပြော​ပါ​တယ်။

“​အ​ဓိ​က ​က​တော့ ​ဖွဲ့​စည်း​ပုံ​နဲ့ ​ပတ်​သက်​လို့ ​ဖွဲ့​စည်း​ပုံ​ကို ​နည်း​လမ်း​တ​ကျ ​မျှ​မျှ​တ​တ​ဖြစ်​အောင် ​ဒီ​မို​က​ရေ​စီ ​နည်း​ကျ​အောင် ​တိုင်း​ပြည်​ကြီး ​အ​ဖက်​ဖက်​က ​ကောင်း​အောင် ​ဆို​လို​ရှိ​ရင် ​သားေ​ရွှ​အိုး​ထမ်း​လာ​တဲ့​ကိန်း ​ဆို​ရင်​တော့ ​သူ​တို့​အား​လုံး ​အ​တ္တ​တွေ ​နောက်​ဆုတ် ​ပြီး​တော့ ​ဆွေး​နွေး ​ညှိ​နှိုင်း​ကျ​ရ​မယ့် ​အ​ချိန်​ဖြစ်​တယ်​လို့ ​သုံး​သပ်​တယ်။”

အ​ဖွဲ့​ချုပ်​က ​ဦး​ဆောင်​ပြီး ​ဖွဲ့​စည်း​ပုံ​ပြု​ပြင်​ပြောင်း​လဲ​ရေး ​ပြည်​သူ့​ဆ​န္ဒ​ခံ​ယူ​ပွဲ​တွေ​ကို ​အောက်​တို​ဘာ​လ​လယ်​က​တည်း​က  ​တ​ပြည်​လုံး​အ​နှံ့ ​ပြု​လုပ်​နေ​ပြီး ​ရန်​ကုန်​တိုင်း​နဲ့ ​နေ​ပြည်​တော်​တိုင်း​တို့​မှာ​တော့ ​တိုင်း​လုံး​ကျွတ် ​ဆ​န္ဒ​ခံ​ယူ​ခဲ့​ရာ​မှာ ​အ​များ​စု​က ​ပြင်​ဖို့ ​သ​ဘော​ထား ​ပေး​ခဲ့​ကြ​ပါ​တယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ