Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

အီတလီအပျော်စီးသင်္ဘောကြီး နစ်မြုပ်မှု ကပ္ပတိန်ကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်

$
0
0

၂၀၁၂ ခုနှစ်က အီတလီ အပျော်စီးသင်္ဘောကြီး Costa Concordia တိမ်းမှောက်ခဲ့မှုအတွက် သင်္ဘောကပ္ပတိန်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထောင်ဒဏ် ၁၆ နှစ် ချလိုက်ပါတယ်။
သင်္ဘောတိမ်းမှောက်ချိန်မှာ ခရီးသည်အားလုံး ၄ ထောင်ကျော်ရှိပြီး ခရီးသည် ၃၂ ဦးသေဆုံးခဲ့တာပါ။

ခရီးသည်တွေ သေဆုံးမှုအတွက် ထောင်ဒဏ် ၁၀ နှစ်၊ သင်္ဘောပျက်စီးဆုံးရှုံးမှုအတွက် ၅ နှစ် နဲ့ ခရီးသည်တွေကိုပစ်ပြီး သင်္ဘောကို စွန့်ခွာမှုအတွက် ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၆ နှစ်ချခံရတာပါ။

အစပိုင်းက အစိုးရရှေ့နေတွေက ထောင်ဒဏ် ၂၆ နှစ် ချဖို့ ကြိုးစားခဲ့ပေမယ့် တရားရုံးက ၁၆ နှစ်ပဲ ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၅၄ နှစ်အရွယ် ကပ္ပတိန် ဖရန်စစ်ကို စကတ်တီနို (Francesco Schettino) ကတော့ သင်္ဘောတိမ်းစောင်းနှစ်မြှုပ်မှုဟာ အားလုံးမှာ တာဝန်ရှိတာဖြစ်ပြီး သူတဦးတည်းကို အပြစ်ပုံချတယ်လို့ ပြစ်တင်ပြောဆိုပါတယ်။

ကပ္ပတိန် Schettino ရဲ့ သင်္ဘောကို ကိုင်တွယ်ခဲ့ပုံအပေါ် အစိုးရစုံစမ်းသူတွေက အပြင်းအထန်ပြစ်တင်ဝေဖန်ကြပါတယ်။

ပေ ၁ ထောင်နီးပါးအရှည်ရှိတဲ့ အပျော်စီးသင်္ဘောကို သတ်မှတ်လမ်းကြောင်းအတိုင်းမမောင်းပဲ ကမ်းနဲ့ အနီးကပ်ခုတ်မောင်းခဲ့တဲ့အတွက် သင်္ဘောဝမ်းဗိုက်နဲ့ ကျောက်ဆောင် တိုက်မိပြီး သင်္ဘောတိမ်းမှောက်နှစ်မြုပ်ခဲ့တာပါ။

Costa Concordia သင်္ဘော ပြန်လည်ဆယ်ယူရေး အချိန် ၂ နှစ်ခွဲကြာခဲ့ပြီး ကမ္ဘာ့ငွေကုန်ကြေးကျအများဆုံး သင်္ဘောဆယ်ယူရေး စီမံကိန်းလည်း ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ – ရိုက်တာ

_80948192_80948191 _80950233_80950232 သင်္ဘောကပ္ပတိန် The Costa Concordia cruise liner is seen during its refloat operation at Giglio harbour An aerial view shows the Costa Concordia as it lies on its side next to Giglio Island taken from an Italian navy helicopter A seagull flies past the side of the cruise liner Costa Concordia during the "parbuckling" operation outside Giglio harbour

The post အီတလီအပျော်စီးသင်္ဘောကြီး နစ်မြုပ်မှု ကပ္ပတိန်ကို ထောင်ဒဏ် ၁၆ နှစ် ချမှတ် appeared first on DVB.


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)