Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ယူကရိန်းသူပုန်ထိန်းချုပ်ထားသည့် ဆေးရုံ ပစ်ခတ်ခံရ

$
0
0

ယူကရိန်းသူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေါ့စ်ညှက်မြို့ ဆေးရုံတရုံ ဖေဖော်ဝါရီ ၄ ရက်နေ့က အမြောက်နဲ့ ပစ်ခတ်ခံရလို့ လူ ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဆေးရုံကို ယူကရိန်းအစိုးရစစ်တပ်က ပစ်ခတ်ခဲ့တာလို့ ယူကရိန်းသူပုန်တွေက စွပ်စွဲပါတယ်။

ပြီးတဲ့ရက်တွေအတွင်း ယူကရိန်းအရှေ့ပိုင်း ဒေသတွေမှာ အစိုးရနဲ့ သူပုန်တပ်တွေကြား တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့ကြပြီး ရထားလမ်းဆုံမြို့ဖြစ်တဲ့ ဒက်ဘက်တ်ဆီဗီ (Debaltseve) မြို့ကို သူပုန်တွေက ၀ိုင်းထားပါတယ်။

ဒက်ဘက်တ်ဆီဗီမြို့မှာ ပိတ်မိနေတဲ့ မြို့ခံတွေ ထွက်ခွာနိုင်ဖို့ တိုက်ခိုက်မှုတွေ ရပ်နားထားဖို့ကိုလည်း အီးယူနိုင်ငံခြားရေးဝန်ကြီး မိုဟာရီနီ (Mogherini) က မေတ္တာရပ်ခံ ထားပါတယ်။

အမြောက်ကျည်ထိမှန်ခဲ့တဲ့ဆေးရုံဟာ ပြင်ပလူနာဌာန ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူအများစုဟာ လူနာတွေ ဖြစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ရုရှားကျောထောက်နောက်ခံသူပုန်တွေက အစိုးရထိန်းချုပ်နယ်မြေတွေကို တဆင့်တိုး တိုက်ခိုက် သိမ်းပိုက်လာမှုအပေါ် ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ရုရှားနိုင်ငံကို ပြစ်တင်ရှုတ်ချကြပါတယ်။

ယူကရိန်းစစ်တပ်ကို အမေရိကန်နိုင်ငံက စစ်လက်နက်တွေ ထောက်ပံ့ဖို့ ယုံကြည်တယ်လို့ ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ပြောဆိုပေမယ့် အမေရိကန်အစိုးရကတော့ အတည်မပြုသေးပါဘူး။

ဓာတ်ပုံ – ရိုက်တာဗွီဒီယို

Untitled-8 copy Untitled-10 copy Untitled-11 copy Untitled-12 copy Untitled-13 copy Untitled-14 copy

The post ယူကရိန်းသူပုန်ထိန်းချုပ်ထားသည့် ဆေးရုံ ပစ်ခတ်ခံရ appeared first on DVB.


Viewing all articles

Trending Articles


မြန်မာညစ်ညမ်းဗီဒီယို ထုတ်လုပ်မှု ရဲတပ်ဖွဲ့ စတင်စုံစမ်းစစ်ဆေး


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


စနေမင်း နှင့် တနင်္ဂနွေမင်း


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


လာဘ်ပေး ရန်မလို


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


ဆီးချိုကျ ဆေးနည်းတွေထဲက အလွယ်ဆုံးနဲ. ထိရောက်တဲ့နည်း မျှဝေလိုက်ပြီ


ဂျပန်နာမည်ကြီး အပြာမင်းသားကြီးနဲ့ ကိစ္စ သင်ဇာဝင့်ကျော်ပြောပြီ…..


TTA Oreo Gapp Installer


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)