Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

တရုတ်နိုင်ငံ ရေခဲဆည်ထဲကနေ လွတ်မြောက်ခဲ့သူ ၃ ဦး

$
0
0

တရုတ်နိုင်ငံ ဂျိလင်းပြည်နယ် အရှေ့မြောက်ပိုင်းက ရေခဲနေတဲ့ ဆည်ထဲမှာ အော်ဒီ  (Audi Q7) ကားတစီး မနစ်မြုပ်မီ ကားထဲက အမျိုးသား ၃ ဦးဟာ ကံကောင်းစွာနဲ့ လွတ်မြောက်ခဲ့ကြပါတယ်။

မျက်မြင်သက်သေတွေရဲ့ အဆိုအရ အော်ဒီ  (Audi Q7)ကားဟာ ဆည်ရဲ့ အေးခဲနေတဲ့ မျက်နှာပြင်ပေါ်မှာ အရှိန်နဲ့ မောင်းနေတုန်း ကားဘီးက ရေခဲကို ခွဲပြီး ကျသွားခဲ့တာပါ။

ကားဟာ ၅ မိနစ်အတွင်း ရေထဲမြုပ်သွားခဲ့ပါတယ်။ ကားမောင်းသူနဲ့ ကားစီးသူ တို့ ၃ ဦးဟာ ကားပြတင်းပေါက်ကနေတဆင့် တွယ်တက်လွတ်မြောက်ခဲ့တာပါ။

ကားကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကမှ ကုန်းပေါ် ဆွဲတင်နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ မတော်တဆ ဖြစ်ချိန်မှာ ဒေသခံတွေနဲ့ ဧည့်သည်တွေက ဒေသတွင်း ဆောင်းရာသီ ငါးဖမ်းပွဲတော် ဖွင့်ပွဲကို တက်ရောက်နေကြပါတယ်။

ဓာတ်ပုံ – ရိုက်တာ ဗွီဒီယို

Untitled-5 copy Untitled-7 copy Untitled-8 copy Untitled-9 copy

The post တရုတ်နိုင်ငံ ရေခဲဆည်ထဲကနေ လွတ်မြောက်ခဲ့သူ ၃ ဦး appeared first on DVB.


Viewing all articles