Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဖေ့စ်ဘွတ်ခ်တွင် သတိထားရမည့် ကာမရာဂစိတ်နှိုးကြားစေသည့် ဗွီဒီယိုများ

$
0
0

အင်တာနက် လူမှုရေး ကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ တစုံတဦးက ကာမရာဂစိတ် နှိုးကြားစေတဲ့ ဗွီဒီယိုကို ဖြန့်ဝေတယ်ဆိုရင် အရင်ဆုံး သတိထားဖို့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

_80735670_facebookဗွီဒီယိုကနေတဆင့် အသုံးပြုသူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ နောက်ဆုံးပေါ် ဖလက်ရှ် ပလေရာ အတုကို အပ်ဒိတ်လုပ်ဖို့ လင့်ခ် ပေါ်လာမှာ ဖြစ်ပါတယ်။

တကယ်လို့ ဒီလင့်ခ်ကို သွားနှိပ်ပြီး ဗွီဒီယို ပလေယာကို အပ်ဒိတ် လုပ်မယ်ဆိုရင်တော့ မကောင်းတဲ့ ဆောဖ့်ဝဲလ်တွေကို ကွန်ပျူတာက အလိုလို ဒေါင်းလုပ်လုပ်ပြီး ဖြစ်သွားပါလိမ့်မယ်။

_80540241_492067ab-8160-45b4-899f-6f35c5c7ab01ဒီဆောဖ့်ဝဲလ်က ကွန်ပျူတာမှာ ထရိုဂျန် ဆိုတဲ့ ဗိုင်းရပ်စ်တွေကို အလွယ်တကူ ကူးစက်သွားစေမယ်လို့ ဆိုပါတယ်။

_80540705_img_0057ကျွမ်းကျင်တဲ့ လုံခြုံရေး သုတေသီတွေကတော့ ဒီလို ကာမရာဂါ နှိုးကြားစေတဲ့ ဗွီဒီယိုက တဆင့် ထရိုဂျန် ဗိုင်းရပ်စ်တွေက ဖေ့စ်ဘွတ်ခ်ပေါ်က  မိတ်ဆွေ ၂၀ လောက်ကို ထပ်ပြီး တပ်ခ် လုပ်လိုက်သလို အများအပြားကို ကူးစက်စေနိုင်တယ်လို့ ပြောပါတယ်။

၂ ရက်အတွင်း ဖေ့စ်ဘွတ်အသုံးပြုသူ ၁ သိန်းကျော် ကူးစက်သွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

The post ဖေ့စ်ဘွတ်ခ်တွင် သတိထားရမည့် ကာမရာဂစိတ်နှိုးကြားစေသည့် ဗွီဒီယိုများ appeared first on DVB.


Viewing all articles