Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ထောင်သားများ ထိုင်းငါးဖမ်းလှေတွင် အလုပ်ပေးမည့်အစီအစဉ် ကန့်ကွက်ခံရ

$
0
0

ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းမှာ လုပ်သားပြတ်လပ်မှုကို ဖြည့်တင်းနိုင်ဖို့ အကျဉ်းသားတွေကို စုဆောင်းနေတဲ့ ထိုင်းအစိုးရဲ့ ရှေ့ပြေးအစီအစဉ်ကို ထိုင်းလူ့အခွင့်အရေးအဖွဲ့အစည်း ၄၀ ကျော်က ကန့်ကွက်ပြီး ရပ်တန့်ဖို့ တောင်းဆိုကြပါတယ်။

ငါးဖမ်းသင်္ဘောတွေပေါ်မှာ ထောင်သားတွေကို အလုပ်ပေးမယ့် ဒီအစီအစဉ်ဟာ အကျဉ်းသား အခွင့်အရေးကို ပြင်းထန်တဲ့ ချိုးဖောက်မှုတွေ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်ထံပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့နိုင်ငံရေး ဆက်နွှယ်မှုကို အနုတ်လက္ခဏာဆောင်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

interphoto_1421295041ထိုင်းငါးဖမ်းလုပ်ငန်းဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ အဓမ္မခိုင်းစေမှု ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တရားမ၀င် လခနည်းပါးမှု၊ လူကုန်ကူးမှုတွေနဲ့ ကြောက်မက်ဖွယ်ရာ မှတ်တမ်းရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလက အလုပ်သမား ၀န်ကြီးက လူကုန်ကူးမှုကို တိုက်ဖျက်ဖို့နဲ့ အလုပ်သမား ပြတ်တောက်မှုကို သက်သာစေဖို့ ထောင်ဒဏ် ၁ နှစ်အောက်ကျန်နေတဲ့ အကျဉ်းသားတွေ သဘော ဆန္ဒရှိပါက ငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်ခွင့်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ အလုပ်ရှာဖို့ခက်ခဲသူ ထောင်ထွက်တွေအတွက် အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုပါတယ်။

လက်ရှိ ရှေ့ပြေး စမ်းသပ် အစီအစဉ်အရ အကျဉ်းသားဟောင်း  ၁၇၃ ဦး ငါးဖမ်းလှေတွေ ပေါ်မှာ အလုပ်လုပ်ကိုင်နေကြတယ်လို့ အလုပ်သမားဝန်ကြီးကို ကိုးကားပြီး ရိုက်တာ သတင်းက ရေးပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာတတိယမြောက် အကြီးဆုံး ပင်လယ်စာ တင်ပို့တဲ့ နိုင်ငံဖြစ်သလို ငါးဖမ်းလုပ်ငန်းမှာ လူ ၃ သိန်း နီးပါး လုပ်ကိုင်နေတဲ့အနက် အများစုဟာ မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုကလည်း ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ လူကုန်ကူးမှု အဆိုးဝါးဆုံးနေ ရာတခုဖြစ်တယ်လို့  သတိပေးထားပါတယ်။ လူကုန်ကူးမှုဟာ ရေလုပ်ငန်းမှာ အဓိက စိုးရိမ်ဖွယ် ဖြစ်ပွားနေပါတယ်။

The post ထောင်သားများ ထိုင်းငါးဖမ်းလှေတွင် အလုပ်ပေးမည့်အစီအစဉ် ကန့်ကွက်ခံရ appeared first on DVB.


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ