Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဇန်န၀ါရီလ ၁၃ ရက်နေ့ အာရှဖလားပွဲစဉ် ရလဒ်များ

$
0
0

ဇန်န၀ါရီလ ၁၃ ရက်နေ့က သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ ၁၆ ကြိမ်မြောက် အာရှဖလားပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်တွေမှာ တောင်ကိုရီးယားအသင်းက ကူဝိတ်အသင်းကို ၁ဂိုး ဂိုးမရှိ၊ သြစတြေးလျအသင်းက အိုမန် အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

တောင်ကိုရီးယားအတွက် တလုံးတည်းသော ဂိုးကို ၃၆ မိနစ်မှာ ကွင်းလယ်ကစားသမား နမ်း တီဟီးက သွင်းယူပါတယ်။

သြစတြေးလျနဲ့ တောင်ကိုးရီးယား အသင်းဟာ ၂ ပွဲကစား ၂ ပွဲအနိုင်ရရှိခဲ့ပြီး ဖြစ်တဲ့ အတွက် ဒုတိယအဆင့် ပြိုင်ပွဲတွေကို တက်ရောက် ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သြစတြေးလျ အသင်းက ဂိုးကွားခြားချက်နဲ့ အုပ်စု ပထမ၊ တောင်ကိုးရီးယားအသင်းကတော့ အုပ်စု ဒုတိယနေရာကနေ ရပ်တည်နေပါတယ်။

ကူဝိတ်နဲ့ အိုမန်ကတော့၂ ပွဲကစား ၂ ပွဲရှုံးနဲ့ အုပ်စု တတိယနဲ့ စတုတ္တနေရာကနေ အသီးသီး ရပ်တည်နေပါတယ်။

ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ အုပ်စု (က) ပွဲစဉ်တွေအတွက် သြစတြေးလျနဲ့ တောင်ကိုရီးယားအသင်းတို့ ယှဉ်ရမှာဖြစ်ပြီး အိုမန်နဲ့ ကူဝိတ်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Oman v Australia 4-0 14012015(1 Oman v Australia 4-0 14012015 Oman v Australia 1-0 14012015(1 Oman v Australia 1-0 14012015

The post ဇန်န၀ါရီလ ၁၃ ရက်နေ့ အာရှဖလားပွဲစဉ် ရလဒ်များ appeared first on DVB.


Viewing all articles