Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ပုသိမ်ထောင်ရှိ အိုင်အယ်အိုကွန်ရက်မှ ဦးသက်ဝေ ကျန်းမာရေး မိသားစုစိုးရိမ်

$
0
0

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှာ လယ်သမားတွေအခက်အခဲကို ကူညီရင်း ထောင်ဒဏ်စီရင်ခံရသူ အိုင်အယ်လ်အိုဆက်ဆံရေးကွန်ရက်မှ ဦးသက်ဝေဟာ ကျန်းမာရေး မကောင်းတဲ့ အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။

ဦးသက်ဝေ ဟာ အူတီဘီရာဂါဝေဒနာရှင်ဖြစ်ပြီး ရန်ကုန်မြို့နေ မိသားစုနဲ့ ဝေးကွာတဲ့ ပုသိမ်အကျဉ်းထောင်မှာ ကျခံနေပါတယ်။

PaThine Prison

ပုသိမ်အကျဉ်းထောင်

ဇနီးသည် ဒေါ်သန်းသန်းက “ဟိုမှာအေးလည်းအေးတော့ သူက အူတီဘီသမားဆိုတော့ သိပ်ကျန်းမာရေး မကောင်းဘူး။ သူက ဆေးသောက်နေရင်း ထောင်ကျသွားတာ။ စကျတုန်း ကတော့ ထောင်အာဏာပိုင်တွေကို ဓာတ်မှန်ပြန်ရိုက်ပေးဖို့ ပြောတာ တလကျော်နေပြီး အခုချိန်ထိ ပြန်မရောက်ပေးဘူး။”

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က ကျောင်းကုန်းမြို့နယ်မှာ နယ်မြေခံလယ်သမားတွေနဲ့ ရေလုပ်သား ၄၀၀ ခန့်က အင်းသူကြီး ဦးမှုန်ကြီး လုပ်နေတဲ့အင်းက ပိုက်တွေကို ဖယ်ရှားခဲ့ပါတယ်။ ဦးမှုန်ကြီးက မှတ်တမ်းတင်တဲ့ ဦးသက်ဝေနဲ့ မီဒီယာသမား ၂ ဦးကို ရွာသားတွေနဲ့အတူ မြို့နယ်တရားရုံးမှာ အကျိုးဖျက်စီးမှု၊ ပိုက်နက်ကျူးကျော်မှုနဲ့ တရားမ၀င် လူစုလူဝေးမှု တရားစွဲဆိုခဲ့တာပါ။ ဒီအမှုကို မနှစ်နိုဝင်ဘာလကုန်ပိုင်းမှာ ဦးသက်ဝေနဲ့ လယ်သမား ၁၆ ဦးကို ပြစ်ဒဏ်စီရင်ခဲ့တာဖြစ်ပါတယ်။

ဦးသက်ဝေတို့ရဲ့ ရှေ့နေ ဦးစိုးဟန်က “ ဦးသက်ဝေနဲ့ ကိုရွှေဘို တို့ ၂ ယောက်ကိုပဲ ပုဒ်မ ၁၄၃ လူစုလူဝေးမှု နဲ့ ထောင်ဒဏ် ၄ လ၊ ပုဒ်မ ၄၄၇ ပိုင်နက်ကျူးကျော်မှုနဲ့ ထောင်ဒဏ် ၂လ ပစ်ဒဏ် နှစ်ရပ်ကို တခုပြီးမှ တခုကျခံဆိုပြီး အမိန့်ချတယ်” လို့ ပြောပါတယ်။
ကျန်တဲ့လယ်သမားတဦးချင်းကိုတော့ ပုဒ်မ ၃ ခုအတွက် စုစုပေါင်း ကျပ်ငွေ ၁၃၅၀၀ စီ ဒဏ်ငွေရိုက်ပါတယ်။

ဒီအမှုဟာ ငါးလုပ်ငန်းဦးစီးဌာနနဲ့ အုပ်ချုပ်ရေးပိုင်းက ဆည်မြောင်းကို လေလံပစ်ထားတဲ့အတွက် ရွာ ၄ ရွာမှာ ရေစီးရေလာမကောင်းလို့ စိုက်ပျိုးရေ မရတဲ့ကိစ္စနဲ့ တပိုင်တနိုင် ငါးဖမ်းခွင့် မရတဲ့ကိစ္စတွေကို ရွာသားတွေက တင်ပြချက်အရ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)ထံ တင်ပြဖို့ ဦးသက်ဝေတို့က လိုက်လံမှတ်တမ်းတင်ရာက မြစ်ဖျားခံပါတယ်။

ဦးသက်ဝေကို ၂၀၁၃ ခုနှစ်ဆန်းပိုင်းက မေးမြန်းစဉ်တုန်းက အခု ပြဿနာ ဖြစ်တဲ့နေရာမှာ အင်းလုပ်ခွင့်ချပေးပုံနဲ့ တရားစွဲဆိုမှုတွေဟာ ဧရာဝတီတိုင်းဒေသကြီးက ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ မညီညွတ်ကြောင်း ဒီဗွီဘီကို ရှင်းပြဖူးပါတယ်။

ဦးသက်ဝေက “ဧရာဝတီတိုင်း ရေချိုငါးလုပ်ငန်းဦးစီးဌာနရဲ့ ၂၀၁၁-၁၂ ဥပေဒမှာ ဆည်မြောင်းကို အင်းလုပ်လို့ မရဘူးဆိုပြီး ဥပဒေရဲ့ အပိုဒ် ၁၃ မှာ ပါတယ်။ တဆင့်ပြန်ရောင်းခြင်း၊ ပေါင်းနှံခြင်း၊ ရောင်းချခြင်း မပြုရဘူးဆိုတာ ပါထားပြီးသား။ ဧရာရွှေဝါကနေပြီး အင်းလေလံ ရထားတာပါလို့ ပြောတယ်။ အဲဒီ အင်းလေလံကတဆင့် ဦးမှုန်ကနေပြီး ပြန်ယူထားပြီး တရားစွဲတာလို့ ကျောင်းကုန်းမြို့နယ် တရားသူကြီးက ပြောတယ်။ အင်းရဲ့ လေလံစည်းကမ်းမှာကိုက ပေါင်နှံခြင်း၊ တဆင့်ပြန်လည် ပေါင်နှံခြင်း ရောင်းခြင်း မပြုရဘူးလို့ ပြောထားတယ်” လို့ ပြောပါတယ်။

ဦးသက်ဝေဟာ ကလေးစစ်သားအရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ အလုပ်သမားနဲ့ လယ်သမားရေးရာ ကိစ္စတွေကိုသာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အို ရန်ကုန်ရုံးခွဲနဲ့ ချိတ်ဆက် ဆောင်ရွက်သူဖြစ်ပါတယ်။ ဦးသက်ဝေဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ၅ ကြိမ်ထက်မနည်း ထောင်ကျဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပါတယ်။

The post ပုသိမ်ထောင်ရှိ အိုင်အယ်အိုကွန်ရက်မှ ဦးသက်ဝေ ကျန်းမာရေး မိသားစုစိုးရိမ် appeared first on DVB.


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ