Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ပျက်ကျ အဲအေးရှားလေယာဉ်မှူးများ၏ အသံဖမ်းစက် ရှာဖွေတွေ့ရှိ

$
0
0

ပျက်ကျသွားတဲ့ အဲအေရှားလေယာဉ်ရှာဖွေရေးအဖွဲ့တွေက လေယာဉ်မှူးတွေရဲ့ အသံဖမ်းစက်ကိုလည်း ဇန်န၀ါရီ ၁၃ ရက် ဒီနေ့မှာ ရှာဖွေတွေ့ရှိခဲ့ပြီးလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုပါတယ်။

airasia-tail-wbလေယာဉ်ပျံသန်းမှုမှတ်တမ်းတင်ကိရိယာကိုတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက်နေ့က ဆယ်ယူ ရရှိခဲ့ပြီး မြို့တော်ဂျကာတာကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီကိရိယာ ၂ ခုဟာ လေယာဉ်ပျက်ကျသွားရခြင်းအကြောင်းရင်း ဖော်ထုတ်ရေးမှာ အဓိက အထောက်အကူပြုနိုင်မှာလည်း ဖြစ်ပါတယ်။

အဲအေရှားခရီးစဉ်အမှတ် 8501 ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ  ၂၈ ရက်နေ့က အင်ဒိုနီးရှား နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဆူရာဘာရာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စင်ကာပူ နိုင်ငံကို ပျံသန်းရင်း ၄၂ မိနစ်အကြာမှ ပျက်ကျသွားခဲ့တာပါ။

ခရီးသည်နဲ့ လေယာဉ်အမှုထမ်းအားလုံး ၁၆၂ ယောက် လိုက်ပါသွားပြီး လောလောဆယ် အလောင်း ၄၈ လောင်းကို ဆယ်ယူ ရရှိထားပါတယ်။

လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်သေတ္တာကတော့ လေယာဉ်မပျက်ကျခင် နောက်ဆုံး ပျံသန်းခဲ့တဲ့ အရှိန်နှုန်း၊ အမြင့်နဲ့ တခြားစက်ပိုင်းဆိုင်ရာ အချက်အလက်တွေကို မှတ်တမ်းတင် ထားပေးတာ ဖြစ်ပါတယ်။

ဒီလေယာဉ်မှူးအသံဖမ်းစက်လည်း မြို့တော်ဂျကာတာကိုပို့ပြီး လေကြောင်းကျွမ်းကျင်သူ တွေနဲ့ စစ်ဆေးမှာ ဖြစ်ပါတယ်။

အခုအချိန်အထိတော့ ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်ပျက်ကျသွားတာ ဖြစ်တယ်လို့ပဲ ခန့်မှန်းနေကြတာပါ။

လေယာဉ်ပျက်ကျသွားတဲ့နေ့ကလည်း ဆူရာဘာရာ-စင်္ကာပူလေယာဉ်ခရီးစဉ်မရှိပဲ ပျံသန်းခဲ့တာဖြစ်လို့ လောလောဆယ် အဲဒီလေယာဉ်ခရီးစဉ်ကို အင်ဒိုနီးရှားအာဏာပိုင်တွေက ဖျက်သိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။

The post ပျက်ကျ အဲအေးရှားလေယာဉ်မှူးများ၏ အသံဖမ်းစက် ရှာဖွေတွေ့ရှိ appeared first on DVB.


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ