Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

အစိုးရနှင့် တပ်မတော်က စစ်ရေးအရဖိအားပေးနေဟု TNLA ပြစ်တင်

$
0
0

TNLAအစိုးရနဲ့ တပ်မတော်ကိုယ်စားလှယ်တွေဟာ တွေ့ဆုံညှိနှိုင်းမယ့်လမ်းစဉ်အစား စစ်ရေးအရ ဖိအားပေးတဲ့ လမ်းစဉ်ကိုပဲ သွားနေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) က ပြစ်တင် ပြောဆိုပါတယ်။

တီအန်အယ်လ်အေရဲ့ နိုင်ငံခြားရေးတာဝန်ခံ တာပန်လက “ကျနော်တို့က နိုင်ငံရေးအရ ကြိုးပမ်းသော်ငြားလည်း အစိုးရတပ်ဖက်က တွေ့ဆုံ ညှိနှိုင်းမှုလမ်းကြောင်းအရ အကြောင်း မကြားဘဲနဲ့ စစ်ရေးဖိအားတွေပဲ များလာတာ တွေ့ရတယ်။ အစိုးရကိုယ်စားလှယ် တွေ တပ်မတော်ကိုယ်စား လှယ်တွေဖက်က တွေ့ဆုံညှိနှိုင်းမယ့်လမ်းစဉ်အစား စစ်ရေးအရ ဖိအားပေးတာမျိုး ဖိအားပေးတဲ့ လမ်းစဉ်ကိုပဲ သွားနေပါတယ်” လို့  ပြောပါတယ်။

၂၀၁၄ ခုနှစ်အတွင်း တအာင်းတပ်မတော်နဲ့အစိုးရတပ်တို့အကြား တိုက်ပွဲ ၂၀၀ ကျော် ဖြစ် ပွားခဲ့ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ၂၀၁၄ ခုနှစ်အတွင်းမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)ဆီ စာ ၂ စောင် ပို့ထားပေမယ့် တစုံတရာ အကြောင်းပြန်ခြင်း မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။

ဒါကြောင့်မို့ တိုင်းရင်းသားလူမျိုးတိုင်းက တပ်မတော်တွေ အားကောင်းဖို့ လိုအပ်တယ်လို့ လည်း ပြောပါတယ်။

မြန်မာအစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတော်များများနဲ့ အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးထားပေမယ့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ)၊ ရခိုင်တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့နဲ့  အပစ်အခတ် ရပ်စဲရေးလက်မှတ် မထိုးနိုင်သေးပါဘူး။

(တီအန် အယ်လ်အေ) ရဲ့ ၅၂ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကို ရှမ်းပြည်နယ် ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ မန်တုံမြို့စပ်ကြား တပ်မဟာ ၁ နယ်မြေမှာ ဒီကနေ့  ကျင်းပခဲ့ပြီး  ၁ နှစ်ပတ်လုံး ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ဆောင်ရာမှာ ၁ ကီလို အောက်ဆိုရင် ဖမ်းမိတဲ့ရွာ၊ ဖမ်းမိတဲ့ ရပ်မိရပ်ဖတွေရှေ့မှာ မီးရှို့ဖျက်ဆီးပြီး ၁ ကီလိုအထက် ဖမ်းဆီးရမိတာတွေကို စုပြီး အများ ပြည်သူရှေ့၊ မီဒီယာရှေ့မှာ မီးရှို့ဖျက်ဆီးတာလို့ တာပန်လက ပြောပါတယ်။

တအာင်းအမျိုးသားတပ်မတော်နေ့ အထိမ်းအမှတ်အခမ်းနားမှာလည်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(ယူအန်အက်ဖ်စီ)က သ၀ဏ်လွှာပေးပို့ ထားပါတယ်။

The post အစိုးရနှင့် တပ်မတော်က စစ်ရေးအရဖိအားပေးနေဟု TNLA ပြစ်တင် appeared first on DVB.


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ