လီဗာပူးအသင်းခေါင်းဆောင် စတီဗင် ဂျရတ်ဟာ အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်စီအသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်လို့ ဗြိတိသျှ မီဒီယာတွေက ခန့်မှန်းလိုက်ပါတယ်။
ဂျရတ်ဟာ ပေါင် ၆ သန်း တန်ဖိုးရှိတဲ့ ၁၈ လစာချုပ် သက်တမ်းနဲ့ ပြောင်းရွှေ့မယ်လို့ ဆိုပါတယ်။ အပြောင်းအရွှေ့ ဖြစ်ရင် မေဂျာလိဂ်မှာ ဈေးအကြီးဆုံး ကစားသမားတွေထဲက တယောက် ဖြစ်လာဖို့ ရှိနေပါတယ်။
ဂျရတ်အတွက် ၁ ပတ် လုပ်ခလစာကို ပေါင် ၇ သောင်းကျော်ပေးဖို့ သဘောတူထားလို့လည်း ဆိုပါတယ်။
အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ တရားဝင် သတင်းထုတ်ပြချက်ကိုတော့ ဒီ ၁ ပတ်ထဲမှာ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။
အသက် ၃၄ နှစ်အရွယ် ကွင်းလယ်သမားဟာ ဒီနှစ်ရာသီအကုန်မှာ လီဗာပူးကနေ ထွက်ခွာတော့မယ်လို့ ကြေညာထားပါတယ်။
ဂျရတ် ပြောင်းမယ့် အယ်လ်အေ ဂလက်စီဟာ ဘောလုံုံးအကျော်အမော် ဒေးဗစ် ဘက်ခမ်း ကစားခဲ့တဲ့အသင်း ဖြစ်ပါတယ်။
လောလောဆယ် အယ်လေဂလက်စီမှာ လီဗာပူး ကစားသမားဟောင်း ရော်ဘီကိန်း ကစားနေပါတယ်။
The post အယ်လ်အေဂလက်စီအသင်းနှင့် ဂျရတ် ချိတ်ဆက်နေဟုဆို appeared first on DVB.