Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ရန်ကုန်စည်ပင် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ ကျမ်းသစ္စာကျိန်ဆို

$
0
0

နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲပြုလုပ်ပြီး တက်လာတဲ့ ရန်ကုန်စည်ပင် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေ ဒီနေ့ ဇန်န၀ါရီ ၆ ရက်နေ့က မြို့တော်ခန်းမှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ကုန် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ အရှေ့ပိုင်းခရိုင် ကိုယ်စားပြု ဦးဌေးအောင်၊ အနောက်ပိုင်းခရိုင် ကိုယ်စားပြု ဦးခင်လှိုင်၊ တောင်ပိုင်းခရိုင် ကိုယ်စားပြု ဒေါက်တာ အေးမင်း၊ မြောက်ပိုင်းခရိုင် ကိုယ်စားပြု ဦးခင်မောင်တင့်တို့ ရွေးကောက်တင်မြှောက်ခံခဲ့ရတာပါ။

ရန်ကုန်လူဦးရေ သိန်း ၅၀ ကျော်မှာ ၄ သိန်းကျော်က မဲရုံ ၁၀၈၆ ရုံမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွက် မဲပေးခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – အိမမမွန်

10924788_827003487338153_7575903830966093173_n 1503893_772849562764102_4364109826422001636_n

The post ရန်ကုန်စည်ပင် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ ကျမ်းသစ္စာကျိန်ဆို appeared first on DVB.


Viewing all articles