Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ပြင်သစ်သူဌေးများ ပဲရစ်မြို့တွင် ဆန္ဒပြ

$
0
0
ဓာတ်ပုံ - ရိုက်တာ

ဓာတ်ပုံ – ရိုက်တာ

ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်မြို့က လမ်းတွေပေါ်မှာ ဒီဇင်ဘာ ၁ ရက်နေ့က ထောင်နဲ့ချီတဲ့  အလုပ်ရှင် သူဌေးတွေ ချီတက် ဆန္ဒပြနေကြပါတယ်။

အစိုးရရဲ့ စီးပွားရေးမူဝါဒတွေမှာ  ပိုများလာနေတဲ့ စည်းမျဉ်းတွေနဲ့ သူတို့ကို ပိတ်လှောင်ထားတယ်လို့ ပြောဆိုပြီး ဆန္ဒပြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲစီစဉ်သူတွေကတော့ တနိုင်ငံလုံးက အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းရှင်ပေါင်းအယောက် ၆၅၀၀ က ဘဏ္ဍာရေးဝန်ကြီးဌာနကို ချီတက် ဆန္ဒပြဖို့ မြို့တော်ကို စုရုံး လာခဲ့တာလို့ ပြောပါတယ်။

အစိုးရက စီးပွားရေးကို ကြားဝင်စွက်ဖက်တာ တိုးလာနေပြီး လွတ်လပ်ခွင့်ကို ထိန်းချုပ် ကန့်သတ်နေတာ၊ အမြတ်အစွန်းကို ကန့်သတ်နေတာတွေကို ဆန့်ကျင် ဆန္ဒပြတာလို့ ပြောပါ တယ်။

အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ အသင်းချုပ်ရဲ့ ဒေသဆိုင်ရာဥက္ကဋ္ဌ ဇိုရာ ဂေါလာ့ဒ်ကတော့ “သူတို့ဟာ အလုပ်သမားဥပဒေ၊ လူမှုဖူလုံရေးဥပဒေတွေနဲ့ အခွန်စနစ်တွေကြား ပိတ်လှောင်ခံနေရတာကနေ လွတ်ထွက်ဖို့နဲ့ အလုပ်ကနေ အကျိုးအမြတ် နိုင်ဖို့ ပြောင်းလွယ်ပြင်လွယ်ရှိဖို့ ဘာမှ တကယ်ကျင့်သုံးနေတာ မရှိဘူး။”လို့ ပြောပါတယ်။

ပြင်သစ်အစိုးရက ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင်တိုးမြှင့်ရေး မျှော်လင့်ချက်နဲ့ ပွဲထုတ်လိုက်တဲ့ဥပဒေကို တုံ့ပြန်မှုလည်း ဖြစ်ပါတယ်။

ပြင်သစ်အလုပ်သမားသမဂ္ဂတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြတဲ့အတွက် လူသိများပေမယ့် အလုပ်ရှင်တွေကိုယ်တိုင်က လမ်းပေါ်ထွက် ဆန္ဒပြတာကတော့ ရှားပါတယ်။

အကြီးစား ဆန္ဒပြမှုတွေထဲက တခုကတော့ ၂၀၀၀ ပြည့်နှစ်တုန်းက ၁ ပတ်ကို အလုပ်ချိန် ၃၅ နာရီ လုပ်ရေး စည်းမျဉ်းကို မိတ်ဆက်မှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ ဖြစ်ခဲ့ပါတယ်။

The post ပြင်သစ်သူဌေးများ ပဲရစ်မြို့တွင် ဆန္ဒပြ appeared first on DVB.


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ