Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ထိုင်းအိမ်ရှေ့မင်းသား၏ မိဖုရားနာမည်နောက်တွင် တော်ဝင်မိသားစုနာမည် သုံးစွဲခွင့် ရုပ်သိမ်း

$
0
0
ဓာတ်ပုံ - ရိုက်တာ

ဓာတ်ပုံ – ရိုက်တာ

ထိုင်းအိမ်ရှေ့မင်းသား မဟာ ဗာဂျီရာ လောင်ကွန်က သူ့မိဖုရားရဲ့ နာမည်နောက်မှာ တော်ဝင်မိသားစုနာမည် ထည့်သွင်း သုံးစွဲတာကို ရုပ်သိမ်းလိုက်ပါတယ်။

သူမိဖုရားရဲ့ ဆွေမျိုးသားချင်းတွေ အတော်များများ အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ အဖမ်းခံရပြီးနောက် အိမ်ရှေ့မင်းသားက အခုလို ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနကို ညွန်းကြားရာမှာ အိမ်ရှေ့မင်းသားရဲ့ မိဖုရား မင်းသမီး စီရီ ရက်စမီရဲ့ နာမည်နောက်မှာ တော်ဝင်မိသားစုရဲ့ မိသားစုနာမည်ဖြစ်တဲ့ အက္ကာရာပေါင်ပရီချာဆိုတဲ့နာမည်ကို မသုံးဖို့ ပါရှိပါတယ်။

အိမ်ရှေ့မင်းသား  မဟာ ဗာဂျီရာ လောင်ကွန်က သက်တော် ၆၂ နှစ် ရှိပြီး သူရဲ့ မိဖုရားကတော့ ၄၂ နှစ်အရွယ် ဖြစ်ပါတယ်။

နိုဝင်ဘာလထဲမှာ ရဲက ဖမ်းတဲ့ လူ ၁၉ ယောက်ထဲမှာ အိမ်ရှေ့မင်းသားရဲ့ မိဖုရား ဆွေတော်မျိုးတော် ၃ ယောက်လည်း ပါဝင်နေပါတယ်။

The post ထိုင်းအိမ်ရှေ့မင်းသား၏ မိဖုရားနာမည်နောက်တွင် တော်ဝင်မိသားစုနာမည် သုံးစွဲခွင့် ရုပ်သိမ်း appeared first on DVB.


Viewing all articles