တရုတ်နိုင်ငံအနောက်ပိုင်းက ရှင်းကျန်းပြည်နယ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်မှုတခုဖြစ်ပွားခဲ့ပြီး လူအနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ပါတယ်။
အကြမ်းဖက်တစုက လူအုပ်ထဲ ဗုံးတွေပစ်သွင်းခဲ့ပြီး ဓားတွေ၊ ပုဆိန်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။
သေဆုံးခဲ့သူ ၁၅ ဦးထဲမှာ အကြမ်းဖက်သူ ၁၁ ဦးပါဝင်ပြီး ကင်းလှည့်လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်သတ်လိုက် တာလို့လည်း သတင်းက ဆိုပါတယ်။ တခြားလူ ၁၄ ဦး ဒဏ်ရာ ရရှိ ခဲ့ပြီး ဆေးကု သမှုခံယူနေပါတယ်။
ရှင်းကျန်းပြည်နယ်ဟာ မွတ်စလင် ပြည်နယ်ဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ မြို့နယ်ဟာ ပြည်နယ်မြို့တော်နဲ့ ကီလိုမီတာ ၂ ရာအကွာက Shache မြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။
ဇူလိုင်လကလည်း ရှင်းကျန်းပြည်နယ်မှာပဲ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း တိုက်ခိုက်သူ ၅၉ ဦးအပါအ၀င် လူ ၁၀၀ လောက်သေဆုံးခဲ့ပါသေးတယ်။
အခုနှစ်ထဲမှာ ရှင်းကျန်းပြည်နယ်အကြမ်းဖက်မှုတွေကြောင့် လူ ၁၅၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ပြည်နယ်ခွဲထွက်ရေး အကြမ်းဖက်မှုတွေဆိုပြီး ဒေသခံ ၀ီဂါလူမျိုးတွေကို တရုတ်အစိုးရက ပြစ်တင်ထားပါတယ်။
ဒါပေမယ့် ဒေသခံတွေကတော့ တရုတ်အစိုးရရဲ့ လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မှုတွေက ဒီအကြမ်းဖက်မှုတွေကို အားပေးသလိုဖြစ်စေတယ်လို့ တုံ့ပြန်ပြောဆိုကြပါတယ်။
The post တရုတ်နိုင်ငံအနောက်ပိုင်း အကြမ်းဖက်မှု ၁၅ ဦး သေဆုံး appeared first on DVB.