Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ရေနံယိုဖိတ်မှု လျော်ကြေးပေးရန် ရှယ်လ်ကုမ္ပဏီကို နိုင်ဂျီးရီးယားအစိုးရ အမိန့်ထုတ်

$
0
0

၂၀၁၁ ခုနှစ် ဒီဇင်ဘာလက နိုင်ဂျီးရီးယားကမ်းလွန်ရေနံယိုဖိတ်မှုအတွက် နိုင်ဂျီးရီးယားအစိုးရက ရှယ်လ်ရေနံကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ လျော်ကြေးပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

Oil-spill-23အစိုးရအေဂျင်စီ ၂ ခုက အခုလို ရှယ်လ်ကုမ္ပဏီ ကို လျော်ကြေးတောင်း ခံခဲ့ကြတာပါ။ အခုလို နိုင်ငံခြားရေနံကုမ္ပဏီကြီး တခုကို ရေနံယို ဖိတ်မှုနဲ့ နိုင်ဂျီးရီးယားအစိုးရက လူသိရှင်ကြား တရားစွဲဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

နိုင်ဂျီးရီးယားလွှတ်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီက ၃ နှစ်ကြာ စုံစမ်း လေ့လာမှုတွေ ပြုလုပ်ပြီး အခုလို လျော်ကြေးပေးဖို့ အမိန့်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

လူမှုရေးအသင်းအဖွဲ့ဝင်တဦးကတော့ ၃ နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ရှယ်လ်ကုမ္ပဏီကို အခုလို အပြစ်ဒဏ်ချနိုင်တာဟာ ဥပဒေကြောင်းအရ အောင်မြင်မှုတရပ် ဖြစ်တယ်လို့ ပြောဆိုပါတယ်။

၂၀၁၁ ခုနှစ်က  နိုင်ဂျီးရီးယားနိုင်ငံ အနောက်ဖက် ရှယ်လ်ရေနံကုမ္ပဏီရဲ့ ဘွန်ဂါ ကမ်းလွန်ရေနံတူးလုပ်ကွက်မှာ ရေနံစည်ပေါင်း ၄ သောင်းကျော် ယိုဖိတ်ခဲ့ပြီး စတုရန်းကီလိုမီတာ ၉၅၀ အကျယ် ငါးဖမ်းဧရိယာကို ထိခိုက်ပျက်စီးခဲ့တာပါ။

ရှယ်လ်ကုမ္ပဏီကတော့ အဲဒီရေနံယိုဖိတ်မှုအတွက် တာဝန်ယူ ဖြေရှင်းခဲ့ပြီး သူကို ဥပဒေကြောင်းအရ လျော်ကြေးတောင်းခံခွင့် မရှိဘူးလို့ ပြောဆိုပါတယ်။

The post ရေနံယိုဖိတ်မှု လျော်ကြေးပေးရန် ရှယ်လ်ကုမ္ပဏီကို နိုင်ဂျီးရီးယားအစိုးရ အမိန့်ထုတ် appeared first on DVB.


Viewing all articles