Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

အသင်းခြေစွမ်း တိုးတက်လာဟု အင်္ဂလန်နည်းပြပြော

$
0
0

အင်္ဂလန်အသင်းခြေစွမ်းဟာ  အများကြီး တိုးတက်လာတယ်လို့ အင်္ဂလန်နည်းပြ ဟော့ဆန်က စကော့တလန်နဲ့ ခြေစမ်းပွဲမှာ ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပြီးနောက်မှာ  ပြောဆို လိုက်ပါတယ်။

England's coach Hodgson applauds next to Rooney at the end of their 2014 World Cup Group D soccer match against Costa Rica at the Mineirao stadium in Belo Horizonteသူရဲ့ အင်္ဂလန်အသင်းဟာ ယူရို ၂၀၁၆ ခြေစစ်ပွဲမှာလည်း ၄ ပွဲကစား ၄ ပွဲနိုင်ရလဒ်နဲ့ အုပ်စုကို ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

နည်းပြ ဟော့ဆန်က ပြင်သစ်မှာ ကစားရမယ့် ယူရို ၂၀၁၆ နောက်ဆုံးအဆင့်ပွဲစဉ်တွေကို  အင်္ဂလန်အသင်း ကျိန်းသေ တက်ရောက်မယ်လို့ အကြွင်းမဲ့ ယုံကြည်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ကစားသမားတွေဟာ ငယ်ရွယ်သူတွေဖြစ်လို့ ပွဲစဉ်တွေမှာ  ဖိအားကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားမယ်လို့ ပြောပါတယ်။

ရွန်းနီအနေနဲ့ ဂိုးတွေ သွင်းယူနေနိုင်တာကို သူ့အနေနဲ့ ကျေနပ်ပြီး အခြား  တိုက်စစ်မှူး တွေလည်း ဂိုးရသူတွေ ဖြစ်လာဖို့ လိုတယ်လို့လည်း ပြောသွားပါတယ်။

ရွန်းနီဟာ အင်္ဂလန်အတွက် စုစုပေါင်း ၄၆ ဂိုး သွင်းယူထားပြီး  အင်္ဂလန်အသင်း သမိုင်းတလျှောက် တတိယမြောက်ဂိုးအများဆုံး သွင်းယူနိုင်သူ ဖြစ်နေပါတယ်။

ရွန်းနီဟာ နောက်ထပ် ၄ ဂိုးသွင်းနိုင်ရင်တော့ အင်္ဂလန်အတွက် ဂိုးသွင်းအများဆုံး တိုက်စစ်မှူးအဖြစ် စံချိန်တင်တော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်အနေနဲ့ လက်ရှိ ကစားပုံကို ဆက်ထိန်းထားနိုင်ဖို့ အရေးကြီးတယ်လို့လည်း  နည်းပြ ဟော့ဆန် က ပြောပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ