
ဓာတ်ပုံ – အေပီ
အီတလီနဲ့ ကစားတဲ့ ယူရိုခြေစစ်ပွဲမှာ ဥရောပဘောလုံးအဖွဲ့ချုပ်က အပြစ်ပေးတာကို ခံရဖို့ မျှော်လင့်ထားတယ်လို့ ခရိုအေးရှားနည်းပြ နီကို ကိုဗက်က ပြောဆိုလိုက်ပါတယ်။
အဲဒီပွဲစဉ်ကို အီတလီနိုင်ငံ မီလန်မြို့က ဆန်စီရိုကွင်းမှာ ယှဉ်ပြိုင်ခဲ့တာပါ။ ၁ ဂိုးစီ သရေကျတဲ့ ဒီပွဲမှာ ခရိုအေးရှား ပရိသတ်တချို့က ကွင်းထဲကို မီးကျည်တွေ၊ မီးခိုးဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။
အဲဒီလုပ်ရပ်ကြောင့် ကွင်းလယ်ဒိုင်က ပွဲကို ၂ ကြိမ် ရပ်နားခဲ့ရသလို ခရိုအေးရှား ပရိသတ်တွေလည်း ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
ခရိုအေးရှားအသင်းအနေနဲ့ အပြစ်ပေး ခံရမှာတော့ သေချာပါတယ်။ ဒါပေ မယ့် အမှတ်လျော့ ခံရဖို့တော့ အကြောင်း မရှိဘူးလို့ ပြောပါတယ်။
လောလောဆယ် အုပ်စု (အိတ်ခ်ျ)မှာ ခရိုအေးရှားက အီတလီနဲ့ ၁၀ မှတ်ခြင်း တူပေမယ့် သွင်းဂိုး အားသာချက်နဲ့ အမှတ်ပေးဇယားမှာ ဦးဆောင်နေပါတယ်။