Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ကိုလံဘီယာစစ်ဗိုလ်ချုပ် ပြန်ပေးဆွဲခံရပြီးနောက် အစိုးရနှင့် ဖာ့ခ်သူပုန်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုင်းငံ့

$
0
0

ကိုလံဘီယာစစ်တပ်ဗိုလ်ချုပ်တယောက် ပြန်ပေးဆွဲခံရအပြီး သမ္မတ ဟွမ်မန်နျူရယ် စန်တို့စ်က မာက်စ်ဝါဒီ ဖာ့ခ်သူပုန်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဆိုင်းငံ့လိုက်ပါတယ်။

indexသမ္မတ စန်တို့စ်က “နှစ် ၅၀ ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ရေး အားထုတ်ချက်တွေအတွက် အဟန့်အတား ဖြစ်ခဲ့တာပါ။ ဗိုလ်ချုပ် ရူဘန် ဒါရီယို အယ်လ်ဇာတီ ဟာ တခြားစစ်တပ်အရာရှိနဲ့ အရပ်သားတယောက်နဲ့ အတူ တနင်္ဂနွေမွန်းလွဲပိုင်းက ဖာ့ခ်သူပုန်တွေ ပြန်ပေးဆွဲတာကို ခံခဲ့ရတာပါ။ ဘယ်လိုမှ လက်မခံနိုင်တဲ့ ပြန်ပေးဆွဲမှု ဖြစ်ပြီး ဒီလူတွေရဲ့ ဘေးကင်းမှုနဲ့ အသက်အတွက် ဖာ့ခ်သူပုန်တွေမှာ အပြည့်အဝ တာဝန်ရှိတယ်။ ဒီလူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။”လို့ နိုဝင်ဘာ ၁၇ ရက်နေ့ အစောပိုင်းက ပြောပါတယ်။

ဒီနေ့မှာတော့ ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားမှာ လုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် သွားမယ့် ညှိနှိုင်းသူတွေကိုလဲ မသွားဖို့နဲ့ ဒီလူတွေ ပြန်လွှတ်တာ ရှင်းလင်းတဲ့ အချိန်ထိ ဆိုင်းငံ့ထားဖို့ သမ္မတက ဆက်ပြောပါတယ်။

၁၉၆၄ ခုနှစ်ကစပြီး ကျေးလက်မြေယာ ပြုပြင်ပြောင်းလဲရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဖာ့ခ်သူပုန်တွေဟာ ခုတော့ မူးယစ်ကုန်ကူးမှုတွေမှာ ပတ်သက်လာပြီး အရင်အပတ်က စစ်သား ၂ ယောက်ကို ပြန်ပေးဆွဲခဲ့တာနဲ့ အခြေခံ အဆောက်အဦတွေကို တိုက်ခိုက်တာတွေ လုပ်လာခဲ့လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ဘေးဖြစ်လာနေပြီလို့ သမ္မတက သူပုန်တွေကို လူသိရှင်ကြား သတိပေးခဲ့ပါတယ်။

ပြန်ပေးဆွဲခံလူတွေကို ကယ်ဖို့ တပ်တွေကို လွှတ်မှာ ဖြစ်ပြီး သူတို့လွတ်မြောက်ရေးအတွက် နိုင်ငံတကာကြက်ခြေနီ ကော်မတီ(အိုင်စီအာစီ)နဲ့အတူ ပူးပေါင်း လုပ်ကိုင်မယ်လို့လဲ သမ္မတက ပြောပါတယ်။
ဖာ့ခ်သူပုန်တွေနဲ့ အစိုးရညှိနှိုင်းသူတွေဟာ အပိုင်း ၅ ပိုင်းပါတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း မြေယာပြုပြင်ပြောင်းလဲရေး၊ မူးယစ်ကုန်ကူးမှုနဲ့ သူပုန်တွေ နိုင်ငံရေး ဖြစ်စဉ်အတွင်း ပါဝင်ခွင့်တွေပါတဲ့ အပိုင်း ၃ ပိုင်းထိ သဘောတူပြီးကြပါပြီ။


Viewing all articles